အဆိုတော်ဖြစ်ဖို့ထက် ရန်ကုန်မှာပြင်ဦးလွင်၂၁မိုင်ပဲကြော်ဆိုင်ဖွင့်ဖို့ ကြိုးစားနေတဲ့ အဆိုတော်သားငယ်

Celebrity Local News
အဆိုတော်ဖြစ်ဖို့ထက် ရန်ကုန်မှာပြင်ဦးလွင်၂၁မိုင်ပဲကြော်ဆိုင်ဖွင့်ဖို့
ကြိုးစားနေတဲ့ အဆိုတော်သားငယ်

မြန်မာအိုင်ဒေါ season 2ရဲ့winner ဖြစ်သူအဆိုတော်သားငယ်ကတော့ မြန်မာအိုင်ဒေါအဆိုပြိုင်ပွဲမှာ အနိုင်ရရှိသွားခဲ့ပေမယ့်ကိုယ်ပိုင်သီချင်းတွေကို မဆိုဖြစ်တဲ့အထိ စီးပွါးရေးလုပ်ငန်းတွေသာလုပ်ကိုင်နေခဲ့ပါတယ်။အဆိုတော်သားငယ်က ပြင်ဦးလွင် (၂၁)မိုင်ဇာတိဖြစ်ပြီး အဆိုတော်မဖြစ်ခင်ကတည်းက ၂၁မိုင်မှာ ပဲကြော်ရောင်းနေခဲ့ပါတယ်။အဆိုတော်ဖြစ်သွားချိန်မှာလည်း ၂၁မိုင်မှာပဲ ပဲကြော်ပြန်ရောင်းနေပြီး အားပေးသူပရိတ်သတ်ကြောင့် အရင်ကထက်ပိုရောင်းကောင်းခဲ့ပါတယ်။၂၁မိုင်ပဲကြော်ဆိုတာ မန္တလေး နဲ့ပြင်ဦးလွင် ကြားထဲကလမ်းခရီးတစ်ဝက်ဖြစ်တဲ့ ၂၁မိုင်ရွာရဲ့ဒေသထွက်အစားအစာတစ်ခုဖြစ်ပါတယ်။ပြင်ဦးလွင်ကိုရောက်တဲ့ခရီးသွားဧည့်သည်တွေက (၂၁)မိုင်ပဲကြော်ကို ဒေသထွက်လက်ဆောင်တစ်ခုအနေနဲ့ဝယ်ယူကြပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဒီတစ်နေရာမှာပဲ ရနိုင်တဲ့အစားအစာဖြစ်တာကြောင့် ပြင်ဦးလွင်တက်ရင် ၂၁မိုင်ပဲကြော်က မပါမဖြစ်ပါပဲ။

လက်ရှိမှာတော့ သားငယ်က သူ့ရဲ့ဘိုးဘွားဘီဘင်လုပ်ငန်းဖြစ်တဲ့ပဲကြော်လုပ်ငန်းကို ချဲ့ထွင်ချင်တာကြောင့် ရန်ကုန်မြို့မှာ ဖြန့်ဖြူးရောင်းချနေပါတယ်။သားငယ်က အဆိုတော်တစ်ယောက်အဖြစ်ပဲလူသိစေချင်ပေမယ့် အများစုကတော့ သူ့ကို ၂၁မိုင်ပဲကြော်နဲ့သာတွဲသိကြတဲ့အထိ သူ့ရဲ့ပဲကြော်ကလူသိများလှပါတယ်။ဒီအလုပ်က ၂၁မိုင်ရွာသူ သားငယ်အမျိုးသမီးရဲ့ ဘိုးဘေးစဉ်ဆက်လုပ်ငန်းတစ်ခူဖြစ်ပြီး သားငယ်အဆိုတော်မဖြစ်ခင်ကထဲက မိန်းမနဲ့အတူလုပ်ကိုင်ခဲ့ရတဲ့အလုပ်ပါ။

ဒါ့ကြောင့်ဒီအလုပ်က သားငယ်အတွက်တော့ ကျေးဇူးရှင်အလုပ်တစ်ခုပါပဲ။သားငယ်အဆိုတော်ဖြစ်သွားတဲ့အခါမှာတော့ ၂၁မိုင်က ပဲကြော်ဆိုင်ကိုသားငယ်ဆိုင်ဆိုပြီးတခမ်းတနား ဆိုင်းဘုတ်ထောင်ပြီးရောင်းရတဲ့အထိ အောင်မြင်မှုတွေရခဲ့ပါတယ်။သားငယ်ကို ချစ်တဲ့ပရိတ်သတ်တိုင်း ၂၁ မိုင်ရောက်ရင် သားငယ်ဆိုင်ကို သွားအားပေးကြသလို အနုပညာရှင်အတော်များများကလည်း ပြင်ဦးလွင်တက်တိုင်း သားငယ်ဆိုင်ရှေ့က ဖြတ်သွားရတာကြောင့် မဖြစ်မနေ ဝင်ကြရပါတယ်။သားငယ်ရဲ့ ဆိုင်မှာ အနုပညာသမားအများစုနဲ့စည်းကားနေတတ်တာ အခုအချိန်ထိပါပဲ။လတ်တလောမှာတော့ သားငယ်ကလုပ်ငန်းတစ်ခုလုံးရန်ကုန်မှာချဲ့ထွင်ချင်ပေမယ့် ရေမြေမတူတာကြောင့်အခက်တွေ့နေရပါတယ်။

၂၁မိုင်ပဲကြော်က စားတော်ပဲတွေကို တစ်ညလောက်ရေစိမ်ပြီး သမထားတဲ့ကောက်ညှင်းနှစ်နဲ့ရောကြော်ထားတဲ့ အကြော်လေးတွေပါပဲ။သို့ပေမယ့် ကြွပ်ကြွပ်ရွရွ ဒီပဲကြော်တွေကို ရဖို့လုပ်ရတဲ့နည်းစနစ်က လုပ်နေကြ၂၁မိုင်ရေမြေမှာပဲ အဆင်ပြေပါတယ်။တောင်ပေါ်ဒေသဖြစ်တဲ့ ပြင်ဦးလွင်
မြို့က ရေတွေဟာ ထုံးဓာတ်ပါတဲ့ရေဖြစ်လို့ ပဲကိုတစ်ညရေစိမ်ထားရင် ပဲပွတဲ့နှုန်းကပိုများပါတယ်။ဒါ့အပြင် ဒီပဲကြော်လုပ်ငန်းအတွက်သုံးရတဲ့ ဖိုတွေ နေရာတွေကလည်း ရန်ကုန်လိုကျပ်တည်းတဲ့နေရာမျိုးမှာ အဆင်မပြေနိုင်ပါဘူး။ဒါ့ကြောင့် ပဲကြော်ဆိုင်ဖွင့်ဖို့အတွက် ရန်ကုန်မှာလာကြော်လို့မရတဲ့သားငယ်က ပြင်ဦးလွင်က ၂၁မိုင်က သူ့ရဲ့ပဲကြော်တွေကို ထုတ်ပိုးမှုပုံစံအသစ်နဲ့ရန်ကုန်မှာထုတ်လုပ်ရောင်းချသွားမှာပါ။

ပုံမှန်ဆိုင်၂၁မိုင်က ရောင်းတဲ့ပဲကြော်တွေကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီးလေလုံအောင် သားရေကွင်းနဲ့စုစည်းထားရတဲ့ပုံစံမျိုးနဲ့သာတွေ့ရပေမယ့် သားငယ်ကတော့ကျိုးကျေမလွယ်အောင် ပါကင်ဗူးအလှလေးတွေနဲ့ထည့်ပြီး ရန်ကုန်မှာဖြန့်ချိနေပါတယ်။ရန်ကုန်ကအသိမိတ်ဆွေအတော်များများက ပြင်ဦးလွင်မရောက်ဖြစ်ပေမယ့်လည်း ဒီပဲကြော်ကိုစားချင်တယ်ပြောတာကြောင့် သားငယ်က အခုလိုပဲကြော်စီးပွါးရေးကိုအသားပေးလုပ်ကိုင်နေပါတယ်။ဒါ့အပြင် မကြာခင်မှာလည်းရန်ကုန်မှာ ဆိုင်ခန်းတစ်ခုနဲ့ ၂၁မိုင်ပဲကြော်အပြင် မေမြို့ရဲ့ဒေသထွက်ကုန်တွေကိုပါ ရောင်းချဖိူ့ပြင်နေပါတယ်

သားငယ်က မြန်မာအိုင်ဒေါပြိုင်ပွဲ ပြီးသွားကတည်းက “လမ်းကလေး”ဆိုတဲ့album တစ်ခုသာထွက်ခဲ့ပြီး နောက်ထပ်ကိုယ်ပိုင်သီချင်းသစ်တွေ တစ်ပုဒ်စနှစ်ပုဒ်စသာထွက်နိုင်ခဲ့ပါတယ်။Myanmar Idol season 2ရဲ့winner ဖြစ်ပေမယ့်လည်း အခုလိုအဆိုတော်
စစ်စစ်တစ်ယောက်ဖြစ်မလာတာကြောင့် တချို့ပရိတ်သတ်တွေကတော့ သားငယ်ကိုနှမြောနေကြပါတယ်။Myanmar Idol season (2) မှာ သားငယ်နဲ့အပြိုင်အဆိုတော်ဘီလီလမင်းအေးကလည်း နာမည်ကြီးခဲ့ပေမယ့် လက်ရှိအချိန်မှာဘီလီလမင်းအေးကလည်း သီချင်းတွေသီဆိုခြင်းမရှိတော့ပါဘူး။Season (2) ရဲ့ Top Ten 10 ယောက်ထဲမှာ အဆိုတော်ပိုးမီတစ်ယောက်သာ သီချင်းတွေနဲ့မကင်းမကွာရှိနေပြီး ကျန်တဲ့ပြိုင်ပွဲဝင်တွေထက် သူ့ရဲ့သီချင်းတွေက ပိုပေါက်ခဲ့ပါတယ်။

Myanmar Idol မှာသီချင်းရွေးမမှားရင် သားငယ်နဲ့winner လုနေရလောက်တယ်ဆိုတဲ့ အေမီဈာန်ကလည်း ပုဂ္ဂိုလ်တွေရဲ့သည်းသည်းလှူပ်ချစ်ခြင်းကိူခံရပြီး သီချင်းမဆိုတော့ဘဲ တချိန်လုံးပူးကပ်နေသူဖြစ်လာခဲ့ပါတယ်။မြန်မာအိုင်ဒေါပြိုင်ပွဲက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့အားပေးကြတဲ့အဆိုပြိုင်ပွဲဖြစ်တာကြောင့် season တိုင်းမှာ နောက်ဆုံးwinner လုရတဲ့အချိန်မှာ တစ်နိုင်ငံလုံးကfan တွေကြောက်ခမန်းလိလိ ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ပေမယ့်ပြိုင်ပွဲမှာ winner ရခြင်းမရခြင်းက ဘဝရဲ့အဆုံးအဖြတ်မဟုတ်ဘူးဆိုတာအချိန်ကြာတာနဲ့အမျှပရိတ်သတ်တွေသိလာကြရပါတယ်။

အခုဆိုရင် ဖြိုးမြတ်အောင်က ပဲကြော်ရောင်းဖို့ ပိုလုံးပန်းနေပြီး ဘီလီလမင်းအေးကလည်း အင်္ဂလိပ်ဆရာမပြန်လုပ်လို့နေပါတယ်။အက်စတာကလည်း ကလေးတစ်ယောက်နဲ့ နိုင်ငံခြားမှာ သွားနေနေသလို ဖြိုးမြတ်အောင်ကလည်း ဘုရားတည်ဖို့ကို ပိုစိတ်အားထက်သန်နေပါတယ်။

ရေးသားသူ –One Daily Channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...