၃၂သိန်းနဲ့ လေလံအောင်ခဲ့တဲ့ကိုသားကြီးအင်္ကျီကိုမှန်ဘောင်ထဲထည့်ပြီးသိမ်းထားမယ့် လွှမ်းပိုင်…

Celebrity Local News
၃၂သိန်းနဲ့ လေလံအောင်ခဲ့တဲ့ကိုသားကြီးအင်္ကျီကိုမှန်ဘောင်ထဲထည့်ပြီးသိမ်းထားမယ့် လွှမ်းပိုင်…

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်များထဲတွင် လွှမ်း ပိုင်တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူသီဆိုတဲ့ သီချင်းများစွာဟာလည်း မိန်းကလေးပရိသတ်များသာမကပဲ ယောက်ကျားလေးပရိသတ်များပါ သဘောကျနှစ်သက်အားပေးကြတာလည်း ဖြစ်ပါတယ်။ လူငယ် အကြိုက် တေးသီချင်းတွေကို ဖန်တီးလေ့ရှိသူ ၊အေးဆေးနေ တတ်တာကြောင့် ပရိသတ်ရဲ့ ချစ်ခြင်းကို အပြည့်အဝ ရရှိထား သူ ကတော့အားလုံးက ချစ်ရတဲ့ အဆိုတော် လွှမ်းပိုင် ပဲ ဖြစ်ပါ တယ်။

လွှမ်းပိုင်ကတော့ “အင်္ကျီသက်တမ်းက၂၃ နှစ်ရှိပြီ။ ၃၂သိန်းနဲ့လေလံအောင်ခဲ့တော့ အရမ်းပျော်သွားတယ်။ကိုသားကြီးကိုအင်္ကျီကို လေလံဆွဲလို့ရတဲ့ ပိုက်ဆံနဲ့ ရေဘေးမှာပြန်လှုမှာသိတော့ပိုပြီး ပျော်တယ်။ ကိုသားကြီးကိုအရမ်းကြိုက်ခဲ့ တာညှို့တတ်တဲ့ဘဲကြီးဆိုပီးအပီကြွေခဲ့တာ။ လေလံဆွဲချိန်အရမ်းရင်ခုန်ခဲ့တယ်။မရလိုက်မှာစိုးရိမ်တယ်။

ပထမဦးဆုံး တစ်ကိုယ်တော် show ကျရင် ကိုသားကြီးအင်္ကျီကိုဝတ်ပီးဖျော်ဖြေမှာ အရမ်းတန်ဖိုးထားလို့ခဏခဏမဝတ်ပဲမှန်ဘောင်လေးထဲထည့်ပြီးအမှတ်တရသိမ်းထားမှာ ” ဆိုပြီး ပြောပြလာတာပဲဖြစ်ပါတယ်။

လေလံတင်ခဲ့တဲ့ ဇွဲနိုင်ဝင်းကလည်း “ညီလေး က ကိုသားကြီးကို အရမ်းကြိုက်တဲ့သူဆိုတော့ ကျေနပ်တယ်။သူတစ်ညလုံးတောက် လျှောက် ဝင်ဝင်မန့်တာသတိထားမိတယ်။ အဲ့အင်္ကျီကအကို့လက်ထဲရောက်တာ ၂၃ နှစ်ရှိပြီ။ လေလံဆွဲတာအဲ့လောက်ထိရမယ်လို့မမျှော်လင့်ထားဘူး။လေလံဆွဲလို့ရတာကို ကိုသားကြီးနာမည်နဲ့ လှူမှာပါ “ဆိုပြီးဖြေပေးလာတာပဲဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...