ကင်းပုံပင်ရဲ့ ပဥ္စငါးပါးအသုံး

Health Knowledge
ကင်းပုံပင်ရဲ့ ပဥ္စငါးပါးအသုံး

ကင်းပုံပင်ဟာ မြန်မာနိုင်ငံ အနှံအပြားမှာပေါက်ရောက်ပါတယ်။ ၁၂ ရာသီနီးပါး ရရှိနိုင်တဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ အခု ကင်းပုံပင်ကို မြန်မာတိုင်းရင်းဆေးပညာမှာပဥ္စငါးပါးအသုံးပြုနိုင်ပုံကို ဖော်ပြပေးလိုက်ပါတယ်။
ကင်းပုံတွင် အခါး၊ အချိုနှစ်မျိုးရှိသည့်အနက် ဆေးဘက်တွင် အခါးကို အသုံးများပါတယ်။

ကင်းပုံပင် ပင်စည်
———————
ကင်းပုံပဥ္စငါးပါး ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှားပါတယ်။

ကင်းပုံရွက်
————–
ကင်းပုံရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက် စားသုံးသင့်ပါတယ်။
ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုလို့ရပါတယ်။
ကင်းပုံရွက်ကို သန်ကျဆေးဖော်စပ်ရာမှာလည်း သုံးပါတယ်။
ကင်းပုံရွက်အရည်ကို ရေယုန်နာပေါ်သို့မကြာခဏ တို့ပေးလျှင် ရေယုန်နာ သက်သာပျောက်ကင်းစေပါတယ်။
ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင်ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြုပါတယ်။

ကင်းပုံသီး
———–
ကင်းပုံသီးကို မီးဖွားပြီးစမိခင်များ နို့ထွက်စေရန်စားသုံးပေးနိုင်ပါတယ်။ လေရောဂါ၊ သွေးဖောက် ပြန်သောရောဂါ၊ ပန်းနာချောင်းဆိုးရောဂါများ၌လည်း အသုံးပြုနိုင်ပါတယ်။

ကင်းပုံအမြစ်
——————-
ကင်းပုံအမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေးအဖြစ် သုံးနိုင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...