လူတစ်ယောက်ကျန်းမာချင်ရင်
– ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။
– ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။
– အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။
ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။
ဒါကြောင့် –
– လေ သန့်ရမယ်။
– သွေး သန့်ရမယ်။
– ဆီး သန့်ရမယ်။
– ဝမ်း သန့်ရမယ်။
လေသန့်အောင်စွမ်းဆောင်မယ်။
– ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။
– ညှော်နံ့တွေ ရှောင်ပါ။
– အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။
သွေးသန့်အောင်ပြုပြင်မယ်
သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။ ကန်စွန်းရိုးနီဟာ အဆိပ်ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။
အဆိပ်မိလာတဲ့ခွေးလေးတွေကို ကန်စွန်းရိုးနီသတ္တုရည်လေးနဲ့ ထန်းလျက်လေးပါးစပ်ထဲထည့် ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင် အန်ထွက်လာမယ်။ နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မသေဘဲ ပြန်ရှင်နိုင်ပါတယ်။
ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ –
– ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။
– ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။
– ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။
– အဖတ်ကို စစ်ယူပါ။ သုပ်စားနိုင်ပါတယ်။ ပြုတ်ရည်ထဲကို ထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။ အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။
ဆီးသန့်အောင် ဆောင်ရွက်မယ်
– ဆီးအောင့်မထားပါနဲ့။
– အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါယ်။
– ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ချက်စားပါ။
– ဆေးကုလားမ ဖျော်ရည်သောက်ပါ။
– အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။
ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။
– မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။ (ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။) ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။
– ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မများရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။
– ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။
(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ
အထက်ကပြောခဲ့တဲ့ သန့်လေးသန့်ဖြစ်အောင် ၂၁ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။
ထပ်မှာချင်ပါတယ်။
– အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။
– ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။
– ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။
ဆရာဦးရန်အောင်။
ဤစာကိုမေတ္တာဖြင့်ပြန်လည်၍ထပ်ဆင့်မျှဝေလိုက်ပါသည်ခမျာ
ရေးသားသူ –crd
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။