သွေးတိုးအမြန်ကျနည်း

Health Knowledge
သွေးတိုးအမြန်ကျနည်း

ရုတ်တရက် သွေးတိုးနေတဲ့အခါမျိုးမှာ
ခေါင်းမူးခြင်း ၊မျက်နှာအစ်မို့ခြင်း ၊
ဇက်ကြောထိုးခြင်း များ ခံစားရပါတယ် ။
သွေးပေါင်ချိန် အများကြီးတက်နေတာဟာ
အသက်အန္တရာယ်ပေးနိုင်တဲ့အထိကို
အန္တရာယ်ရှိပါတယ် ။

ဒီလို မိမိကိုယ်ကို သွေးတိုးသည်ဟု
သိသည်နှင့် တပြိုင်နက်
ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့ လိုပါတယ် ။
အဲ့ဒိအတွက် ဆေးသောက်စရာမလိုဘဲ
ကိုယ့်ရဲ့ အိမ်မှာရှိတဲ့ မီးဖိုချောင်ပစ္စည်းတွေနဲ့ ပြုလုပ်လို့ရပါတယ် ။

၁။ သံပုယိုသီး (သို့) သံပုရာသီး
သံပုယိုသီး (သို့) သံပုရာသီးကို
အရည်ညှစ်ပြီး ရေဖြင့်ဖျော်သောက်ပါ။

သွေးတိုးနေတဲ့အချိန်မှာ သောက်လျှင်
လည်း သွေးပေါင်ချိန်ပုံမှန်ပြန်ဖြစ်အောင်
လုပ်နိင်သလို သွေးတိုးရှိသူများအနေဖြင့်
လည်း မနက်စာစားတိုင်းမှာ
သောက်သုံးပေးခြင်းဖြင့် သွေးပေါင်ချိန်
မတက်အောင် ပြုလုပ်လို့ ရပါတယ် ။

အရည်ညှစ်ဖို့ အချိန်မရှိရင်တော့
အလုံးလိုက်သာ မြန်မြန်လေး
ကိုက်စားလိုက်ပါ ။

၂။ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ သွေးလည်ပတ်မှုအတွက်
အရမ်းကောင်းမွန်ပြီး ဒီလိုသွေးတိုးတဲ့
အချိန်အပြင် နှလုံးသွေးကြောကျဉ်း
ရောဂါကြောင့် အသက်ရှူကြပ်တဲ့အခါမျိုးမှာ
လည်း အသုံးပြုလို့ရပါတယ် ။
နည်းလမ်းကတော့ ရိုးရှင်းပါတယ် ။

ကြက်သွန်ဖြူ ၂ခုမှ၄ခုကို ဝါးပေးရမှာပါ ။
ဒီအတိုင်းဝါးမစားချင်ဘူးဆို ကြိတ်ပြီးမှ
ရေဖြင့် မျှောချလည်းရပါတယ် ။
သွေးတိုး ၊နှလုံးရောဂါရှိသူများ နေ့စဉ်ပုံမှန်
ကြက်သွန်ဖြူ ၃ခုလောက်
စားပေးတဲ့အကျင့်ကိုလည်း
မွေးမြူထားသင့်ပါတယ်။

၃။ပန်းသီးရှာလကာရည်

လက်ဖက်ရည်ဇွန်း ၁ဇွန်းထဲသို့ ဆိုဒါမှုန့်
လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံခန့် ထည့်မွှေပြီး
သောက်ပါ ။ တစ်နေ့ နှစ်ကြိမ် ပုံမှန်
သောက်ပေးခြင်းဖြင့် သွေးတိုးခြင်းမှ
ကာကွယ်နိုင်ပါတယ် ။

သွေးတိုးရောဂါရှိသူများအတွက်
ဒီနည်းလမ်းက များစွာကောင်းကျိုး ရှိမှာပါ ။
ကျန်းမာချမ်းသာကြပါစေ

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...