ကင်ပွန်းချဉ်ရဲ့ အံ့မခမ်းအစွမ်း

Health Knowledge
ကင်ပွန်းချဉ်ရဲ့ အံ့မခမ်းအစွမ်း

ကျောက်ကပ်၊ နှလုံး၊ ပျောက်စေလို့ သိမ်းထားပါ။
ပူပြင်းခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်းအစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။
ကျန်းမာသူအတွက် အဟာရဖြစ်ပြီး မကျန်းမာသူအတွက် ဆေးဝါးဓါတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံးနိုင်သည်။
ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင် ချုံပင်မျိုးဖြစ်သည်။
ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။
အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။

အရွက် သေးငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။
အသီးမှာ သီးတောင့်ရှည်မျိုး၊ ပြား၍ ဖြောင့်သည်။
အစေ့များကြားတွင် အဆစ်များဖြစ်ကာ ချိုင့်ဝင်နေသည်။
မြန်မာနိုင်ငံ အနှံ့အပြား သဘာဝအလျောက် အလေ့ကျပေါက်သော စားသုံးပင်ဖြစ်သည်။
ကင်ပွန်းချဉ်သည် အသည်းအတွက် အစွမ်းထက်အသုံးဝင်သည်။
ကင်ပွန်းချဉ်ကို ဟင်းချိုချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။

အရွက်နုကို ငရုတ်ကောင်းအရည်တွင်စိမ်၍ ဆား၊ မန်းကျည်းသီး၊ ငရုတ်သီး နှင့် ရောထောင်းပြီး တိုက်ကျွေးလျှင် –
အသည်းရောင်အသားဝါရောဂါ၊
သည်းခြေရောဂါတို့ကို သက်သာစေသည်။
အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့်နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါသက်သာသည်။
အရွက်နုကို ညက်အောင်ထောင်း တစ်ညသိပ်ပြီး သကြားအနည်းငယ်ထည့်၍ ရေကျက်အေးနှင့် နေ့စဉ်မှန်မှန် သောက်ပေးလျှင် အဖျဉ်း(ရေဖျဉ်း)ရောဂါ ပျောက်သည်။

ကိုယ်ဖော ကိုယ်ရောင်၊ အူရောင်၊ မြင်းသရိုက်၊ လေနာ၊ မြစ်
ခြောက်နာ စသည်တို့ကိုလည်း နိုင်သည်။
ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီးသောက်ပါက ဝမ်းချုပ်လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့၊ ဝမ်းမှန်စေသည်။
ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။
လေနာ၊ လေအောင့်၊ လေထိုး၊ လေစူး သက်သာသည်။
ကင်ပွန်းရွက်ဟင်းချိုသည် လူ နှင့် အခါခပ်သိမ်း တည့်သည်။
ကိုယ်တွင်းအပူကို ငြိမ်းစေသည်။

ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။
ဆီးပူ၊ ဆီးအောင့်၊ ညောင်းကျ၊ ပန်းသေ၊ ပန်းညှိုး မှအစ ကောင်းမွန်သည်။
သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါ နုပျိုကြည်လင်
ကာ အဆီကျ ပေါ့ပါးစေပါသည်။
ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့်ဆိုင်သော ရောဂါ၊ အဖြူကွက်ထရောဂါရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံးသင့်သည်။
နှလုံးရောဂါရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက်
၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ်
မှီဝဲစေသင့်သည်။

နာလန်ထစ လူမမာအား ကင်ပွန်းရွက်ဟင်းချိုနှင့်ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူကျွေးပါက စားရသူ လူမမာအတွက် အလွန်အဆင် ပြေသည်။
ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့်ရောနှော၍ ကြော်စားလျှင် ထမင်းမြိန်ပါသည်။
အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများအတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန်လိုသည်။
ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။

ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။
ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက် အောက်လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။
နေမကောင်းသူများ၊ ခံတွင်းပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံးစေနိုင်သည်။
————————————————————-
Cedit: မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ –

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...