ဆင်နှာမောင်းပင် နဲ့ ကျန်းမာရေး

Health Knowledge
ဆင်နှာမောင်းပင် နဲ့ ကျန်းမာရေး

ဆင်နှာမောင်းပင် ဆိုတာ
တကယ်ကတော့ ဒီအပင်လေးကို ဆင်နှာမောင်းပင် အကြီးမျိုးလို့ ခေါ်ကြပါတယ်။ အရွက်တွေ ဖြာနေအောင် ထွက်တတ်တဲ့ အပင်ပုလေး တစ်မျိုးပါ။ အရိုးတံက မာမာလေးနဲ့ တောင့်တောင့်တင်းတင်း ရှိပါတယ်။

အမြင့်ကတော့ ၁.၅ မီတာလောက်ပဲ မြင့်ပါတယ်။ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ အပင် တစ်မျိုးပါ။

တောင်အမေရိက မျိုးရင်းပင် တစ်မျိုးပါ။ အပူပိုင်း နဲ့ သမပိုင်း ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ တစ်နှစ်ပတ်လုံး ပန်းပွင့်ပါတယ်။

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် ဘယ်လို ဆေးဖက်ဝင်တာလဲ ……..

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် ကို လွန်ခဲ့တဲ့ ရာစုနှစ် ပေါင်းများစွာကတည်းက ဆေးဝါးကုသမှုမှာ အသုံးပြုခဲ့တာပါ။ ဒီ ဆင်နှာမောင်းပင်လေးက

ကြွက်နို့ သက်သာစေတယ်

ကြွက်နို့ သက်သာစေဖို့ အသုံးပြုကြပါတယ်။ အရွက်ကို ရေစင်အောင်ဆေး ကြိတ်ခြေပြီး ကြွက်နို့ပေါ်မှာ အုံထားပေးရမှာပါ။ အပေါ်ကနေ ပတ်တီးစ ခပ်ပါးပါးလေး စည်းထားပေးရင်တော့ အကောင်းဆုံးပါ။

အရောင်ကျစေနိုင်တယ်

ဆင်နှာမောင်းပင်လေးကို နောက်ထပ် အသုံးပြုလို့ရတဲ့ နည်းလမ်းတစ်ခုကတော့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ပါ။ အရွက်ကို မီးအုံးပြီးဖြစ်ဖြစ် ကြိတ်ခြေပြီး ဖြစ်ဖြစ် ရောင်ရမ်းနေတဲ့နေရာမှာ အုံပေးပြီး အဝတ် ခပ်ပါးပါး ဒါမှမဟုတ် ပတ်တီးစလေးနဲ့ စည်းထားပေးရုံပါ။

အကိုက်အခဲ ပျောက်စေတယ်

ဆင်နှာမောင်းပင်ကို အကိုက်အခဲ ပျောက်ဆေးအဖြစ် ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ အဆစ်ရောင်နာ၊ လေးဖက်နာတို့ကြောင့် ကိုက်ခဲတာ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ပြဿနာ ကင်းစေတယ်

ဒီ ဆင်နှာမောင်းပင် လေးကို အရေပြားမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အနာ၊ ယားနာ၊ နှင်းခူ၊ ဝဲ၊ ခရုသင်း စတာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

မိတ်ပျောက်စေတယ်

နွေရာသီမှာ ဖြစ်တတ်တဲ့ ယားယံစေတဲ့ အရေပြားပေါ်က မိတ်တွေ သက်သာစေဖို့အတွက်လည်း ဆင်နှာမောင်းပင်ကို အသုံးပြုပေးလို့ ရပါသေးတယ်။

ဒါတွေအပြင် ဆင်နှာမောင်းပင်ကို

အကျိတ်တွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

မှက္ခရု သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ဝမ်းပျက်ဝမ်းလျှော သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ဆီးချို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ဆီး ခဏခဏ သွားတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အနာ သန့်စင်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

လိပ်ခေါင်း သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ဗိုက်အောင့် ဗိုက်နာ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အစာခြေစနစ် ကျန်းမာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

လေပြွန်ရောင်တာ၊ လည်ချောင်းနာတာတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အနာစိမ်း သက်သာစေနိုင်တယ်။

မျက်စိနာတာ သက်သာစေနိုင်တယ်။

ပန်းနာရင်ကျပ် သက်သာစေနိုင်တယ်။

သွားဖုံးပိုးဝင်တာ သက်သာစေနိုင်တယ်။

အရေပြားမှာ ပိုးကောင် ကိုက်တာကို သက်သာစေနိုင်တယ်။

ဘေဘီလေးတွေ ချောင်းဆိုးတာ၊ ဖျားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး

ဒီ အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် လေးက ကျန်းမာရေးအတွက် အခုလို အကျိုးကျေးဇူးတွေ များပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အများကြီး သုံးမိမယ်ဆိုရင်တော့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။

သတိပြုရန် အချက်များ

ဆင်နှာမောင်းပင်ကို အရေပြားပေါ်မှာ ဦးရေပြားမှာ တိုက်ရိုက်အသုံးပြုတာက ပြဿနာ မရှိပေမယ့် သောက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။

ဆင်နှာမောင်းပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည်။

#တဆင့်ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူနိုင်ပါတယ်ခင်ဗျာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...