ပန်းသေ၊ ပန်းညှိုး အတွက်ဆေးနည်းများ

Health Knowledge
ပန်းသေ၊ ပန်းညှိုး အတွက်ဆေးနည်းများ

၁။ ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။

၂။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။

၃။ ဗုဒ္ဓသရဏပင် အပွင့်နု အသီးနု ကို ဆိတ်သား နှင့် စွပ်ပြုတ် လုပ်၍ သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကို လန်းစေသည်။ ဝက်သား ၊ နွားသား တို့နှင့် စွပ်ပြုတ် လုပ် သောက်ပါက ကုန်ဆုံးသွား သော အားကို ပြန်လည် ရစေပြီး ကိုယ် နှုတ် နှလုံး ရွှင်လန်းစေ သည်။

၄။ သစ်ဆိမ့်သီးမှုန့် နှင့် ကြံသကာ ဆတူရော၍ နေ့စဉ် သုံးဆောင် သော် ပန်းသေရောဂါ ပျောက်၏ ။

၅။ ပေါက်ပန်းဖြူ ရွက်ရည်နှင့် ကျီးနီသီး ဆံကို ရောစားပါက ပန်းသေရောဂါ ပျောက်၏ ။

စာကြွင်း။ ။ရန်ကုန်တွင် သစ်ဆိမ့်သီးရှာမရသူများ သစ်ဆိမ့်သီးကို ကုန်ဈေးတန်းလမ်း သိမ်ကြီးဈေး ပရဆေးဆိုင်အတန်းမှ “သားကြီး” ပရဆေးဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်။ တစ်ခါတည်းဆိုင်တွင် အမှုန့်ကြိတ်ခိုင်းလို့ရပါသည်။ သစ်ဆိမ့်သီးနှင့် ကြံသကာ ဆေးနည်းမှာ အသုံးဝင်သည့်သူ တော်တော်များပါသည်။ သစ်ဆိမ့်သီးနှင့်ကြံသကာဆေးနည်းကိုလည်း မှီဝဲပါ။ ပင်စိမ်းရွက်နှင့် ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။ မကြာခဏကြော်စားပေးပါ။

ကျန်းမာချမ်းသာကြပါစေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...