သင့်အိမ်လေးထဲကို ပိုးမွှားတွေ လာဖို့ခက်ခဲသွားစေမည့်
နည်းလမ်း (၁၀) မျိုး
သင့်အိမ်ကို ပိုးမွှားကင်းစင်တဲ့အိမ်တစ်အိမ်ဖြစ်စေချင်ပေမဲ့ ဓါတုပိုးသတ်ဆေးတွေကိုသုံးဖို့လက်တွန့်နေလား။ သင့်ရွေးချယ်မှုမှန်ပါတယ်။ ဓါတုပိုးသတ်ဆေးတွေဟာ အပြင်းဆုံးဆုံးအဆိပ်တွေဖြစ်ပီး ပိုးမွှားတွေကိုသာမက လူကိုလည်း ဒုက္ခကောင်းကောင်းပေနိုင်ပါတယ်။ ဒါတွေကိုရှောင်လွှားနိုင်ဖို့ဆို ခုပြောပြမယ့်နည်းလမ်းလေးတွေက အနည်းနဲ့အများအသုံးဝင်လိမ့်မယ်လို့ ယူဆပါတယ်။
၁။#ပိုးဟပ်တွေ
အရိုးရှင်းဆုံးပြောရရင် ပိုးဟပ်တွေဟာ အစားအစာနဲ့ ရေရှိရာမှာရှင်သန်တဲ့အတွက် အစားအစာတွေကို သူတို့လက်လှမ်းမမှီအောင်ထားဖို့လိုပါတယ်။အဲ့လိုမှမဟုတ်ရင်တော့ ထောင်ချောက်လေးတစ်ခုဖန်တီးလို်က်ပါ။ ရိုးရှင်းလွယ်ကူပါတယ်။ ရေသန့်ဗူးအလွတ်တစ်လုံးကိုယူလိုက်ပါ။
ထိပ်ပိုင်းကို ကန်တော့ပုံဖြစ်အောင်ဖြတ်လိုက်ပါ။ ထိုကန်တော့လေးကို ထိုရေဗူးပိုင်းထဲကို ပြန်ထည့်ပါ။ ပုံမှာပြထားတဲ့အတိုင်းပေ့ါ။ပီးရင်တော့ ထိုပစ္စည်းလေးကို ပိုးဟပ်တွေလာတတ်တဲ့နေရာမှာထားပေးပါ။ ပိုးဟပ်တွေဟာ ရေဝင်သောက်မှာဖြစ်ပီး ပြန်ထွက်မရတော့ပါဘူး။
၂။#ယင်ကောင်တွေ
ဒီနည်းလေးကတော့ အသုံးပိုတည့်မှာပါ။ ယင်ကောင်တွေက တကယ့်ရန်သူတွေလေ။ သူတို့အတွက်ထောက်ချောက်လေးတစ်ခုပြောပြမယ်။ဖန်ခွက်တစ်ခွက်ထဲကို ပန်းသီးပါဝင်တဲ့ ဗနီဂါ ကိုထည့်ပါ။ နောက်ပီး အချဉ်ပေါက်နေတဲ့အသီးတစ်မျိုးရောပေါ့။
ပီးရင်တော့ စောစောကနည်းအတိုင်း စာရွက်တစ်ရွက်ကို ကန်တော့ပုံလုပ်ပီး ပုလင်းထဲထည့်ပါ။ ပြည့်စုံသွားပီဆိုရင်တော့ ယင်ကောင်များတဲ့နေရာမှာ ညအိပ်ထားလိုက်ပါ။မနက်ကျရင် အကျိုးရလဒ်ကို မျက်မြင်တွေ့ရမှာပါ။ လုပ်ကြည့်နော်။
၃။#ခြင်တွေ
ပထမရန်သူ ခြင်။ သူ့ကိုနှိမ်နင်းဖို့တော့ Citronella နဲ့ lemongrass ဆီကို မီးစာလုပ်ပီး ထွန်းပေးပါ။ ဒါတွေက ခြင်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အုန်းဆီကို အခြားအပင်မှရရှိတဲ့ ဆီတမျိုးမျိုး (essential oil) အနည်းငယ်နဲ့ရောပီး အနည်းငယ်ခဲသွားပါစေ။
ထိုအရာကို အသားပေါ်မှာလိမ်းနိုင်ပါတယ်။ သတိထားရမှာက essential oil မများပါစေနဲ့။
၄။#ပိုးမွှားတွေ
အကုန်လုံးပါဝင်ပါတယ်။ ခြင်တွေယင်တွေ ပိုးဟပ်တွေဟာ lavender ကိုကြောက်ပါတယ်။ဒါကြောင့် အဝတ်ပါး သို့မဟုတ် ရေမြှုပ်တစ်ခုကို lavender ဆီနဲ့စွဲနေပါစေ။ ပီးတော့ ထိုအရာကို သင့်အိမ်ရဲ့လေကြောင်းသင့်တဲ့နေရာမှာထားပါ။ လူတော်တော်များများlavender ကိုကြိုက်သလောက် ပိုးမွှားတွေကတော့မုန်းပါတယ်။ စပရေးဗူးအလတ်စားထဲကို lavender ဆီ အစက်သုံးဆယ်၊ ရေအပြည့်ရောပီး လည်းအသုံးပြုနိုင်ပါတယ်။ lavender ဆီကို အသားအရေပေါ်မှာအသုံးပြုခြင်းကိုတော့ရှောင်ပါ။
၅။#ပုရွက်ဆိတ်တွေ
အရက်ကအသုံးဝင်လာပါပီ။ အရက်ဆီအနည်းငယ် ပန်းကန်ဆေးဆပ်ပြာနဲ့ ရေတို့ကို ရောပီး သမအောင် ခေါက်ပါ။ အမြုပ်တွေထွက်လာပီဆို ပုရွက်ဆိတ်လမ်းကြောင်းတွေမှာဖြန်းထားလိုက်ပါ။ ပုရွက်ဆိတ်ကင်းစင်တဲ့ အိမ်ဂေဟာလေးဖြစ်နေတော့မှာပါ။
၆။#ပျားတွေ
သင့်အိမ်ထဲမှာပျားအိမ်တည်နေပီလား။ ပျားဖွတ်သမားတွေကြားပါက သူတို့အပြေးလာကြပါလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင်တော့ သူတို့ကို နှိမ်နင်းဖို့ အခြားနည်းရှိပါတယ်။ Citrus Fruits လို့ခေါ်တဲ့ လိမ္မော်သီး ရှောက်သီး သံပုရာသီးတို့ကို ရေနဲ့ ၁၀မိနစ် ၁၅မိနစ်ခန့်
အပူပေးပါ။ ထို့နောက် ထိုအရည်ကို ဗူးထဲထည့်ပီး ဖြန်းပေးပါ။
၇။#ပြားနဲ့ ပုရွက်ဆိတ်မျိုးနွယ်တွေ
ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ။ ခြတွေ ပျားတွေ အိမ်ထဲမှာ အုံဖြစ်နေလို့ စိတ်ညစ်နေရလား။ မပူပါနဲ့။ ပန်းကန်ဆေးဆပ်ပြာကို ရေနဲ့သင့်တင့်အောင်ရောပီး ဖြန်းပေးပါ။ ထူးခြားမှုကိုတွေ့ရမှာပါ။
၈။#ပင့်ကူတွေ
ပင့်ကူတွေက tea tree ကိုမုန်းပါတယ်တဲ့။ ဒါဆို ဂွင်ပဲလေ။ ရေခွက်ဝက်၊ ဗနီဂါ ခွက်ဝက်ကို tea tree essential oil အနည်းငယ်နဲ့ရောဖြန်းရင် ပင့်ကူတွေကြာကြာနေနိုင်မှာတဲ့လား။
၉။#ဒုတိယ ရန်သူတော် ဂျပိုး
ဂျပိုးကိုနိုင်တာ ယူကလစ်ပါတဲ့။ ရေတစ်ခွက်ထဲကို ယူကလစ်ဆီ ၁၀စက်လောက် ထည့်ပီးကုတင်တဝိုက်ဖြန်းပါ။ အိပ်မောမကျစဘူး ကျသွားစေရမယ်။ ဂျပိုးရန်ကင်းကင်းပေါ့။ ခရီးခဏခဏသွားရသူဆိုလည်းမပူပါနဲ့။ ယူကလစ်ဆီလေးသာဆောင်ပါ။ တည်းခိုတည့်နေရာမှာ ယူကလစ်ဆီကို tissue ထဲအနည်းငယ်ထည့်ပီး အိပ်ရာတဝိုက်ပွတ်ပါ။
၁၀။#အနံ့ဆိုးတဲ့ ပိုးကောင်တွေ
ထိုအကောင်တွေကို ကြက်သွန်ဖြူနဲ့တားလိုက်ပါ။ ရေ၂ခွက်ကို ကြက်သွန်ဖြူအမှုန့် လက်ဘက်ရည်ဇွန်း ၄ဇွန်းလောက်ထည့်ပီး ခလောက်ပါ။ ပီးရင်တော့ အသုံးပြုဖို့ အဆင့်သင့်ပဲပေါ့။
Credit to original
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။