ဘီပိုး၊စီပိုးအတွက် ဣသရမူလီ

Health Knowledge
ဘီပိုး၊စီပိုးအတွက် ဣသရမူလီ

ဣဿရမူလီသမိုင်း

ဣဿရမူလီနွယ်ပင်သည် မြန်မာပြည် ဒေသအချို့နှင့် မိုး နည်း ဒေသများမှာ သဘာဝ အတိုင်း ပေါက်ရောက်ရှင်သန် လေ့ရှိ၏။ ယခုအခါ ကချင်ပြည်နယ်နှင့် မြန်အောင် ဒေသ များ အထိ ပေါက်ရောက် ရှင်သန်နိုင်ကြောင်း သိရ၏။
ရှေးအခါက ဣစ္ဆာသယအပင်အဖြစ် အမှောင့်ပယောဂ အကာအကွယ် အဖြစ် ယူဆစိုက်လေ့ရှိ၏။ အချို့က ကလေးဆေး အဖြစ်နှင့် အဂ္ဂိရတ် လုပ်ငန်းများအတွက် စိုက် ကြ၏။

ယခုအခါ ဣဿရမူလီ ဆေးအစွမ်းကြောင့် ယုံကြည် အားထား၍ ဆန္ဒရှိသူများ ဝိုင်းစိုက် လာကြလေပြီ။ ထို့ကြောင့် မကြာသောကာလတွင် အလွန်ငွေကုန်၍ အသက် အန္တရာယ် အထိ ဒုက္ခပေးနိုင်သော ဘီပိုး၊ စီပိုး၊ အသည်း ခြောက်၊ ကင်ဆာနှင့် နှလုံးသွေးကြေားကျဉ်း ရောဂါများကို ထိရောက်စွာ ကုသ ရင်ဆိုင်နိုင်မည့် ဣဿရမူလီ အပင်များ ဒေသအနှံ့မှာ ရှိလာနိုင် ပေမည်။

ထိုအခါ ဣဿရမူလီ ဆေးအစွမ်းဖြင့် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သည့် ကြောက်စရာရောဂါဝေဒနာကို ရင်ဆိုင် စိန်ခေါ်နိုင်မည်ဟု ယုံကြည်မိပါ၏။

ဣဿရမူလီအာနိသင်

ခါး၏။ ဖန်၏။ ပူ၏။ လက် (၂) လုံးခန့် အရွက်ကို ဝါးစားရုံ နှင့် အချို့ဝေဒနာရှင်များ ထူးခြားသော ဆေးတုန့်ပြန်မှု ခံစားရ၏။ လူမှာ အပူသမား အအေးသမားရှိ၏။ အထူးသဖြင့် အပူသမားများ ဆေးတုန့်ပြန်မှု ခံစားရ၏။ ရေရှည်မှီဝဲသူများ တေဇောဓါတ်စွမ်းအားကြောင့် အလွန် အေးသော ဆောင်းရာသီမျိုးမှာတောင် ရေချိုးမှ အဆင်ပြေ၏။ ဒေသနှင့် အာဟာရပေါ် မူတည်၍ အချို့ အရွက်များမှာ လက်ဝါးခန့်၊ ဗာဒံရွက်ခန့်ကြီး၏။ ထို့ကြောင့် ဣဿရမူလီအရွက်ကို အနည်းဆုံး (အသေးဆုံး) မှ စား သင့်၏။ အဆင်ပြေမှ တိုးစားသင့်၏။

ဣဿရမူလီဆေးအစွမ်း

ဣဿရမူလီအရွက် ဆေးအစွမ်းဖြင့်
(၁) ဘီပိုး (၂) စီပိုး (၃) အသည်းခြောက် (၄) ကင်ဆာ (၅) နှလုံးသွေးကြော ကျဉ်းရောဂါများသက်သာပျောက်ကင်း၏။

မှီဝဲစားသုံးပုံ

အရွက် လက် (၂) လုံးခန့်ကို စတင်ဝါးစား၍ ရေသောက် ရ၏။ အဆင်ပြေက တိုး၍ ဝါးစားနိုင်၏။ ရောဂါဝေဒနာပေါ် လိုက်၍ နံနက်၊ ည တစ်ကြိမ်စီ တစ်နေ့ (၃) ကြိမ် ဝါးစားပြီး ရေသောက်ရ၏။ အရွက်အစို လတ်ဆတ်ပါက ပိုကောင်း၏။ စစ်မှန်က ပဉ္စငါးပါးလုံး ဆေးဖက်ဝင်၏။ ပဉ္စငါးပါးလုံး အနံ့အရသာ ဆေးဖက်ဝင်မှု တူညီ၏။

သတိပြုရန်

ဣဿရမူလီသည် အပူဆေးဖြစ်၍ အထူးသဖြင့် အပူ သမားများ အနည်းဆုံးမှ စသုံးသင့်၍ တည့်လျှင် တိုးစား၍ ရ၏။
– ဣဿရမူလီကို ရေရှည်သုံးစွဲသူများ ၎င်း၏ အခိုးသတ် ရန် နှမ်းလှော်စားပေးရ၏။ နှမ်းပျစ်မုန့်များ စားပေးရ၏။ အဆင်ပြေလျှင် ရေချိုးပေး ရ၏။
ဣဿရမူလီ ရေရှည်သုံးစွဲ၍ ဆံပင်ကျွတ်သူများ အုန်း ဆီးနှင့် နှမ်းဆီ အနည်းငယ်ထည့်လိမ်းလျှင် ပြေ၏။
ကျန်းမာချမ်းသာကြပါစေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...