ဦးရေပြားယားယံခြင်းအတွက်

Health Knowledge
ဦးရေပြားယားယံခြင်းအတွက်

ဦးရေပြားပေါ်မှ အဆီတွေနဲ့ ပြင်ပက ချွေးနဲ့ဖုန်မှုန့်တွေကြောင့် ဦးရေပြား ယားယံတဲ့ ပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။ ဆံပင် မကြာခဏ ဆေးဆိုးတာနဲ့ ဓာတုဆေးများနဲ့ ဆံပင်ကို မကြာခဏ ပြုပြင်ခြင်း တို့ကြောင့်လည်း ဦးရေပြား ယားယံတတ်ပါတယ်။
မကြာခဏ ခေါင်းလျှော်ပေမယ့် ဦးရေပြား ယားယံတဲ့ ပြဿနာကို ကြုံတွေ့နေရတဲ့ ပျိုမေတို့အတွက် လွယ်ကူလှတဲ့ အိမ်တွင်း သဘာဝနည်းလမ်းတွေကို ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ မျက်နှာ အသားအရေ အတွက်သာမက ဆံသား ကျန်းမာရေးအတွက်လည်း အလွန် အသုံးဝင်ပါတယ်။ ခေါင်းမလျှော်ခင် ဆံသားကို ရှားစောင်းလက်ပပ် ဂျယ်လ်နဲ့ စိမ့်ဝင်အောင် လိမ်းပေးပြီး ဆယ်မိနစ်ခန့် ထားပြီး ခေါင်းလျှော်ပေးမယ်ဆိုရင် ဦးရေပြားယားယံခြင်းကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။

(၂) ပျားရည်နှင့် သစ်ကြံပိုးခေါက်မှုန့်

ခေါင်းမလျှော်ခင် ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ကို ဦးရေပြားပေါ်မှာ လိမ်းပေးပြီး နှိပ်နယ်ပေးခြင်းဟာ ဦးရေပြား ယားယံခြင်းကို သက်သာစေပြီး ဆံသားတွေကို ပျော့ပျောင်း တောက်ပစေနိုင်ပါတယ်။

(၃) ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်ဟာ ဦးရေပြားယားယံခြင်းနဲ့ ဗောက်ထခြင်းတွေအတွက် အကောင်းဆုံး ဆေးနည်း ဖြစ်ပါတယ်။ ပန်းသီး ရှာလကာရည် အနည်းငယ်ကို ရေတဖန်ခွက်နဲ့ရောပြီး ခေါင်းလျှော်ပြီးတိုင်း ဆံပင်နဲ့ ဦးရေပြားပေါ် လောင်းပေးပြီး ၅ မိနစ်ခန့် ကြာရင် ရေနဲ့ဆေးကြောပေးမယ်ဆိုရင် ပျက်စီးနေတဲ့ဆံသားတွေကိုပြန်လည်ကောင်းမွန်စေပြီး ဦးရေပြား ယားယံခြင်းကို သိသိသာသာ သက်သာ စေနိုင်ပါတယ်။

(၄) ကြက်ဥအကာနှင့် သံပုရာရည်

ကြက်ဥအကာနဲ့ သံပုရာရည် ရောစပ်ထားတဲ့ အရောကို ဦးရေပြားနဲ့ဆံသားပေါ်မှာ လိမ်းပေးပြီး နာရီဝက်ခန့် အကြာမှာ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းကို တပတ်မှာ နှစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ဦးရေပြားယားယံခြင်းကို သက်သာစေပြီး ဗောက်ထခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၅) ဆန်ဆေးရည်

ဆံသား ကျန်းမာရေးအတွက် ဆန်ဆေးရည်ကို ရှေးယခင်များစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဆန်ဆေးရည်ကို ဦးရေပြားပေါ်မှာ လိမ်းပေးပြီးနှိပ်နယ်ပေးခြင်းဖြင့် ဦးရေပြားကို အေးမြစေပြီး ဦးရေပြား ယားယံခြင်းကို ပျောက်ကင်းစေ နိုင်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...