နနွင်းနက်၏ ဆေးအသုံးများ

Health Knowledge
နနွင်းနက်၏ ဆေးအသုံးများ

မြန်မာ့ဆေးကျမ်းအရ “ နနွင်းနက် ” ဟာ –

(က) မြွေဆိပ်သာမက၊ သတ္တဝါအမျိုးမျိုးတို့၏ အဆိပ်ကို ပြီးစေပါ တယ်တဲ့။ မြွေအပါအဝင် အဆိပ်ရှိ သတ္တဝါတွေ အကိုက်ခံရပါက နနွင်းနက် ” ကို သွေး၍လိမ်းပေးခြင်းဖြင့် အဆိပ်တွေ သူ့အလိုလို ပြန်ထွက်လာစေပါတယ်။

(ခ) “ နနွင်းနက် ” ကို ဆန်ဖြင့် ရောချက်လိုက်တဲ့အခါ၊ ထမင်း ဟာ အနက်ရောင်ပြောင်းသွားပါတယ်။ သို့သော် ထမင်း အနံ့ရော အရသာပါ စားလို့အရသာရှိပါတယ်။ ၄င်းထမင်းကို စားခြင်းဖြင့် အာဟာရ သိဒ္ဓိပြည့်ဝပါတယ် တဲ့။

(ဂ) တရုတ် လူမျိုးများနဲ့၊ အိန္ဒိလူမျိုးများဟာ ကျားခွန်အား (ကာမ) အားတိုးဆေးအဖြစ် နနွင်းနက်ကို ပါးပါးလှီး၍ ပျားရည်ဖြင့်စိမ်၍ သောက်ကြပါတယ်တဲ့။

#နနွင်းနက်

၁။ ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တားဆီးပါတယ် ။ ကင်ဆာဖြစ်မယ့်အနေအထားကို ပြောင်းပေးနိုင်ပါတယ် ။

၂။ အဆုပ်ရောဂါများဖြစ်သည့် လေပြွန်ရောင်ခြင်း ၊ နမိုးနီးယား ၊ ပန်းနာရင်ကြပ် ဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ် ။

၃။ အင်တီအောက်ဆီဒင့်သတ္တိ ရှိတဲ့အတွက် အိုမင်း ယိုယွင်းခြင်း တို့ကို တားပေးနိုင်ပါတယ် ။

၄။ ရောင်ရမ်းခြင်းတွေကို တားပေးပါတယ် ။ ရောဂါမှန်သမျှရဲ့ အစဦးဖြစ်စဉ်ဟာ ရောင်ရမ်းခြင်း ဖြစ်ပါတယ် ။

၅။ နာကျင်မှုတွေ ပျောက်စေပါတယ် ။

သွားနာ သွားကိုက် ၊ အဆစ်အမြစ် ကိုက်ခဲခြင်း တွေကို ပျောက်စေပါ တယ် ။

ကိုယ့်မှာ နနွင်းမှုန့် ရှိခဲ့ရင်တော့ ဟင်းထဲ ထည့်ချက်လို့ပဲ ဖြစ်ဖြစ် ၊ ဖျော်လို့ပဲ သောက်သောက် ၊ အလျှင်းသင့်သလို သုံးနိုင်ပါတယ် ။ ခါးတော့ တော်တော် ခါးပါတယ် တဲ့ ။

နနွင်းနက်ရဲ့ဆေးဖက်ဝင်ပုံကိုတော့

ရှေ့နေကြီး ကိုအောင်ဇော်ဦးနည်းလမ်းပေးလို့ ဖောက်သည်ချလိုက်ပါ့ မယ်

ကိုအောင်ဇော်ဦးကိုယ်တိုင် ရသာယနဆေးကျမ်းကနေကူးယူပြီး ဖော်စပ်ထားတာပါ

လက်တွေ့လည်း သူ့ရဲ့မိခင်ကြီးကိုလည်းသုံးစွဲစေပြီး အမောခံနိုင်ခြင်း၊ နှလုံးအားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည် စိုစွတ်ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်း နည်းစားရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြား ကောင်းကျိုးတွေကို သူကိုယ်တိုင်လည်းသုံးစွဲရင်း လက်တွေ့ အကျိုးထူးရနေကြောင်းပြောပြပါတယ်

အိုမင်းမစွမ်းရှိသော် အားအင်တို့ကိုပြည့်ဖြိုးစေပြီး အသက်ကို လည်းရှည်စေပါတယ် ကျားကျားမမ အသက်ငယ်သော် အကုန် လန်းတယ်လို့ အဆိုရှိပါတယ် … အဲ အမောခံနိုင်ခြင်း၊ နှလုံး အားကောင်းခြင်း၊ ဆီးဝမ်းသွေးလေမှန်ကန်ခြင်း၊ အသားအရည်စိုစွတ် ဝင်းပခြင်း၊ ကိုယ်အလေးချိန်ပုံမှန်ခြင်း၊ အစာအာဟာရ နည်းနည်းစား ရုံနဲ့ ခွန်အားပြည့်ခြင်း၊ မျက်စိကြည်လင်ခြင်းနဲ့ အခြားကောင်းကျိုးတွေ

ကို ဆိုလိုခြင်းဖြစ်ပါတယ် . . . အားလုံးကျန်းမာချမ်းသာကြပါစေ … ။

ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...