ဖက်ယားရွက် ရဲ့ ဆေးဖက်ဝင်မှု

Health Knowledge
ဖက်ယားရွက် ရဲ့ ဆေးဖက်ဝင်မှု

ဖက်ယားရွက်ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်း ရှိနေနိုင်ပါတယ်။ ဆေးဖက်ဝင်တဲ့ ဖက်ယားပင်ရဲ့ အကြောင်းလေးကို ဒီဆောင်းပါးလေးကနေ တဆင့် လေ့လာကြည့်ဖို့ ပြောပါရစေ။

ဖက်ယားရွက်

အရွက်နဲ့ ပင်စည်မှာ အဆူးမွေး သေးသေးလေးတွေ ရှိနေနိုင်ပါတယ်။ မြောက်အမေရိက၊ ဥရောပနဲ့ အာဖရိကဒေသတွေမှာ ပေါက်ရောက်တတ်ကြပြီး လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဆေးဖက်ဝင် အပင်တစ်ခု အဖြစ် အသုံးပြုလာခဲ့ကြတာပါ။ အရွက်နဲ့ ပင်စည်ပေါ်က ဆူးလေးတွေကို ထိမိရင် ဖြစ်တဲ့ ခံစားမှုကို အစွဲပြုလို့ ဖက်ယားပင်လို့ ခေါ်ဆိုခဲ့ကြတာပါ။

ဘယ်လိုဆေးဖက်ဝင်တာလဲ…….

ဖက်ယားပင်က သတိလက်လွတ် ကိုင်မိရင် လက်မှာ ယားတာ၊ ဆူးတာမျိုး ဖြစ်နိုင်ပေမယ့် ဆေးဖက်ဝင်တဲ့ အာနိသင်တော့ ရှိနေပါတယ်။

ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တယ်

ဖက်ယားရွက်က ကင်ဆာ မဟုတ်တဲ့ ဆီးကျိတ်ကြီးတာကို သက်သာစေနိုင်တဲ့ အာနိသင် ရှိသလို ဆီးကျိတ်ကြီးတာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်တဲ့ ဆီးသွားရခက်တဲ့ ပြဿနာကိုလည်း အကောင်းဆုံး သက်သာစေနိုင်ပါတယ်။

ဓာတ်မတည့်တာကို သက်သာစေနိုင်တယ်

ဖက်ယားရွက်က ဝတ်မှုန်ကြောင့် ဖြစ်တဲ့ အဖျားရောဂါကို သက်သာစေနိုင်သလို ပတ်ဝန်းကျင်က အရာတွေကြောင့် ဓာတ်မတည့်မှု ဖြစ်ပြီး နှာချေတာ၊ နှာစေးတာ၊ မျက်လုံး ယားတာလိုမျိုး ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်ပါတယ်။

အဆစ်နာတာတွေကို သက်သာစေနိုင်တယ်

အဆစ်နာတာကို သက်သာစေဖို့အတွက်လည်း ဖက်ယားရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ဖက်ယားရွက်ကို ရေနွေးဖျောလို့ နာတဲ့ အဆစ်တွေပေါ်မှာ ပွတ်ခြေပေးရင် အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်

ဖက်ယားရွက်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးတိုးကျစေနိုင်တာပါ။ သွေးတိုးရောဂါကို သက်သာစေဖို့ အတွက်လည်း ဖက်ယားရွက်ကို အရင်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဖက်ယားရွက်ကို ချက်ပြုတ်ပြီး စားသုံးလို့လည်း ရပါတယ်။
လေးဖက်နာရောဂါကို သက်သာစေနိုင်တယ်

လေးဖက်နာရောဂါ ရှိသူတွေအနေနဲ့လည်း လေးဖက်နာကြောင့် ဖြစ်တဲ့ အဆစ်နာတာတွေကို သက်သာစေဖို့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ဖက်ယားရွက်မှာ ဓါတ်တိုးဆန့်ကျင် အာနိသင် ရှိတာကြောင့် အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းတာကို သိသိသာသာ သက်သာစေမှာပါ။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

ဖက်ယားရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေနိုင်တာပါ။ ဒါကြောင့် အစာအိမ် ရောဂါရှိတာ၊ အူလမ်းကြောင်းပြဿနာ ရှိသူတွေအနေနဲ့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

သွေးချိုဆီးချိုသက်သာစေနိုင်တယ်

လေ့လာချက်တွေ အရ ဖက်ယားရွက်မှာ ပါဝင်နေတဲ့ အပင် ဒြပ်ပေါင်းတစ်ခုက ဆီးချိုသွေးချိုရှိသူတွေမှာ သွေးတွင်းသကြားဓါတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ အနေနဲ့ ဖက်ယားရွက်ကို သဘာဝဆေးဖက်ဝင် အပင် တစ်ခု အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။

ဒါတွေပြင် ဖက်ယားရွက်က အနာသက်သာစေနိုင်သလို ဆီးရွှင်စေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ နာကျင်မှုကို သက်သာစေပြီး ခန္ဓါကိုယ်ကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်သူတွေနဲ့မသင့်တော်ဘူးလဲ…………

ဖက်ယားပင်နဲ့ ဓာတ်မတည့်တဲ့သူတွေ
ကိုယ်ဝန်ဆောင်တွေ
သွေးကျဲဆေး သောက်နေရသူတွေ
သွေးပေါင်ကျဆေး သောက်နေရသူတွေ
အဆစ်ရောင်တာတွေအတွက် ဆေးသောက်နေရသူတွေ ကတော့ ဖက်ယားရွက်နဲ့ မသင့်တော်ပါဘူး။

ဖက်ယားရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ အာနိသင်နဲ့ ပတ်သက်ပြီး ဆက်လက်လေ့လာမှုတွေ လုပ်ဖို့ လိုပါသေးတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ သစ်ဥသစ်ဖုတွေကို ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိတဲ့အခါ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးပြဿနာတစ်ခုခု ရှိတယ်ဆိုရင် မိမိသဘောနဲ့ မိမိ အသုံးမပြုဘဲ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။
ကျန်းမာချမ်းသာကြပါစေ

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...