ရဲယို နဲ့ ကျန်းမာရေး

Health Knowledge
ရဲယို နဲ့ ကျန်းမာရေး

အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရစေတာပါ။ ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊ ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို
ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။
ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။

ရဲယို က ဘယ်လိုများဆေးဖက်ဝင်တာလဲ

ရဲယိုသီးရော ရဲယိုရွက်ကပါ
ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။
သက်ကြီးရွယ်အိုတွေအတွက်ရော
လူငယ်တွေအတွက်ပါ
အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။
ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး
အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။
ရှေးယခင်ကာလတွေကတည်းက
အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

အသီးနဲ့ အရွက်တင် မကပါဘူး။
အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း
ဆေးဖက်ဝင်ပါသေးတယ်။

ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ

ရဲယိုရွက်၊ ရဲယိုသီးတို့မှာ
ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊
ဗီတာမင် A၊ ဗီတာမင် C နဲ့
သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။
ဒါတွေအပြင်
ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့
ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း
ပါဝင်နေပါသေးတယ်။

အစာလည်းဆေး၊ ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို
အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။
မကြိုက်တဲ့သူတွေအတွက်တော့
အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။
ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။
ရဲယိုရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများကတော့

အကိုက်အခဲပျောက်စေတယ်

ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်
အကိုက်အခဲပျောက်ပင်လို့တောင်
ခေါ်ကြတာမျိုးရှိပါတယ်။
လေ့လာမှုတွေအရ ရဲယိုပင်က
အကိုက်အခဲပျောက်စေနိုင်ပြီး
လေးဖက်နာ ဝေဒနာနဲ့
အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို
သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်။

ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။
ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို
တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေကနေ
ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ပျော်စေတယ်။

ရဲယိုသီး နဲ့ ရဲယိုရွက်က
ဆီရိုတိုနင်ဟော်မုန်းနဲ့
မယ်လ်လာတိုနင်ဟော်မုန်းတွေကို
လှုံ့ဆော်ပေးပါတယ်။
စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့
အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို
လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ
အိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။

အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။

ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့ ဂုဏ်သတ္တိတွေက
အသားအရေကို နုပျိုစေပြီး
ဆံသားကို သန်စွမ်းစေနိုင်သလို
ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။

ကင်ဆာကာကွယ်ပေးနိုင်တယ်

ရဲယို ရွက် နဲ့ ရဲယိုသီးတွေက
နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင်
လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။
ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို
တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို
ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း
ဟန့်တားပေးနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ်

phytonutrients ပါဝင်နေသလို
ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့်
သွေးကြောနံရံတွေကို Free Radical တွေကြောင့်
ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။
ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။
နောက်ထပ်အာနိသင်တစ်ခုက
သွေးကြောတွေကို ပြေလျော့စေတာပါ။
သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။
သွေးတွင်းက အကျိုးမပြုတဲ့
ကိုလက်စထရောတွေကို ကျဆင်းစေပြီး
သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ဉာဏ်ကောင်းစေနိုင်တယ်

သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး
သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့်
ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး
ဦးနှောက်ကို ကျန်းမာစေနိုင်သလို
မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။

ဝမ်းမှန်စေနိုင်တယ်

ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့်
အူတွေအတွင်းမှာ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး
ဝမ်းမှန်စေနိုင်ပါတယ်။
အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို
ထောက်ပံ့ပေးပါတယ်။

ဒါတွေအပြင်
ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေက
ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။
လေနာရောဂါ၊ အတက်ရောဂါတွေကို သက်သာစေနိုင်သလို
ချောင်းဆိုးပျောက်စေပါတယ်။
ဆီးချိုအတွက် အသုံးတည့်သလို
ဆီးသွားရင် နာကျင်တာ၊
အဖြူဆင်းတာ နဲ့
မအီမသာဖြစ်တာတွေအတွက်လည်း အသုံးတည့်ပါတယ်။
အမျိုးသမီးတွေမှာ ရာသီသွေး မှန်စေနိုင်သလို
သွေးမဆုံးခင် ခံစားရနိုင်တဲ့
အကြိုလက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့
ကင်ဆာကာကွယ်ဖို့နဲ့
လေမဖြတ်အောင် ကာကွယ်ဖို့အတွက်လည်း
အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။
ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း
စားသုံးပေးလို့ရပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...