ဂျပန်ဖိုက်တာ တာကဲရုကို မြန်မာလက်ဝှေ့ဖိုက်တာ သန့်ဇင် ဒိုင်ပွဲရပ်နဲ့ ရှုံး သံမဏိ စိုးလင်းဦးအမှတ်နဲ့ ရှုံးနိမ့်

International News Sports
ဂျပန်ဖိုက်တာ တာကဲရုကို မြန်မာလက်ဝှေ့ဖိုက်တာ သန့်ဇင် ဒိုင်ပွဲရပ်နဲ့ ရှုံး
သံမဏိ စိုးလင်းဦးအမှတ်နဲ့ ရှုံးနိမ့်

မြန်မာလက်ဝှေ့ဖိုက်တာ သန့်ဇင်က ဂျပန်ဖိုက်တာ တာကဲရုကို ပွဲချိန် ၂ ချီအတွင်း ဒိုင်ပွဲရပ်နဲ့ ရှုံးသွားပါတယ်။
သန့်ဇင်က တာကဲရုကို ပထမအချီမှာ ကန်ချက်ထိုးချက်ပြင်းနဲ့ သူတင်ကိုယ်တင်ထိုးသတ်နိုင်ခဲ့ပါတယ်။

တာကဲရုက သန့်ဇင်ကို ဒုတိယအချီ ၂ မိနစ် ကျော်မှာ ဆက်တိုက်ထိုးချက်နဲ့ အနိုင်ယူခဲ့ပါတယ်။တာကဲရု က နောက်ပွဲမှာရော့ထန်းနဲ့ ထိုးသတ်ဖို့ရှိနေပါတယ်။
စက်တင်ဘာ ၂၇ ရက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Lumpinee အားကစားရုံမှာ ပြုလုပ်တဲ့ One Friday Fight 81 ပွဲစဉ်ကိုပြုလုပ်ခဲ့ပါတယ်။

သံမဏိ စိုးလင်းဦးအမှတ်နဲ့ ရှုံးနိမ့်

ONE Championship သိုင်းပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ Friday Fights 81 ပွဲစဥ် ဘင်တန်ဝိတ်တန်း မွေထိုင်းပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ကျော် “သံမဏိ” စိုးလင်းဦးနဲ့ ထိုင်းက အရပ် ၆ ပေကျော်ရှိတဲ့ နာဘီးလ် အာနန်းတို့ ထိုးသတ်ခဲ့တာမှာ နာဘီးလ်က အရပ်ကွာတာကို အသုံးချပြီး စိုးလင်းဦး အနားကပ်လို့မရအောင် တွန်းထားခွာထားပြီး သုံးချီစလုံး လက်ရည်အသာနဲ့ ထိုးသတ်သွားပါတယ်။

နာဘီးလ်က သူ့ထုံးစံ အားသာချက်ဖြစ်တဲ့ အပေါ်စီးက တံတောင်နဲ့ထောင်း၊ ချုပ်ပြီး ဒူးနဲ့တိုက်တဲ့ တိုက်ကွက်တွေသုံးပြီး ထိုးခဲ့ပါတယ်။ စိုးလင်းဦးကလည်း သူအားကိုးတဲ့ ပြင်းထန်တဲ့ လက်သီးတွေကိုသုံးပြီး အနီးကပ်ဝင်လုံးပြီး ထိုးဖို့ကြိုးစားပေမဲ့ အနားကပ်လို့မရဘဲ တစ်ဖက်သတ်အထိုးခံရသလို ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် နာဘီးလ်ရဲ့ ဒူးတိုက်ကွက်တွေက စိုးလင်းဦးကို အထိနာစေခဲ့ပေမဲ့ ဇွဲရှိရှိ အသည်းကောင်းကောင်း ထိုးသတ်သွားခဲ့တာတွေ့ရပါတယ်။

စိုးလင်းဦးဟာ ONE Championship မှာ အရင်က သုံးပွဲထိုးထားပြီး ထိုင်း၊ ပေါ်တူဂီ၊ ဂျပန် ပြိုင်ဘက်တွေကို သုံးပွဲစလုံး အလဲထိုး၊ ဒိုင်ပွဲရပ်တွေနဲ့ အနိုင်ရထားပြီး အခု ပထမဆုံးအရှုံးပွဲနဲ့ ကြုံရတာပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...