စပါးကြီးမြွေရဲ့ ရစ်ပတ်ခြင်းကို ၂ နာရီခံခဲ့ရပေမဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ ထိုင်းအမျိုးသမီး

International News
စပါးကြီးမြွေရဲ့ ရစ်ပတ်ခြင်းကို ၂ နာရီခံခဲ့ရပေမဲ့ အသက်ဘေးမှ
လွတ်မြောက်ခဲ့တဲ့ ထိုင်းအမျိုးသမီး

ထိုင်းနိုင်ငံမှ အမျိုးသမီးကြီးတစ်ဦးဟာ စပါးကြီးမြွေရဲ့ ရစ်ပတ်ခြင်းကို ၂ နာရီကြာ ခံခဲ့ရပေမဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ဘန်ကောက်မြို့ ကလေးဆေးရုံမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်တဲ့ အာရွန်ဟာ အလုပ်ကနေ အိမ်ပြန်ရောက်ချိန် ည ၈ နာရီဝန်းကျင်မှာ အိမ်နောက်ဖေးထွက်ပြီး ပန်းကန်တွေ ဆေးကြောခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ညာဘက်ပေါင် စူးခနဲ ဖြစ်သွားလို့ ဘာကောင် ကိုက်သလဲဆိုပြီး ကြည့်လိုက်တဲ့အခါ စပါးကြီးမြွေတစ်ကောင်က သူ့ခြေထောက်ပေါ် တွယ်တက်နေတာ တွေ့လိုက်ရတာပါ။

အာရွန်က မြွေခေါင်းကို ကိုင်ပြီး ဖယ်ရှားဖို့ ကြိုးစားပေမဲ့ မြွေက အကောင်ကြီးလွန်းတာကြောင့် မဖယ်နိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ အာရွန်ဟာ လဲကျသွားခဲ့ပြီး စပါးကြီးမြွေရဲ့ ရစ်ပတ်ခြင်းကို ခံခဲ့ရပါတယ်။ စပါးကြီးမြွေရဲ့ ရစ်ပတ်မှုကြောင့် အသက်ရှူကြပ်လာတဲ့ အာရွန်ဟာ အော်ဟစ်အကူအညီတောင်းခံခဲ့ပြီး အိမ်နီးချင်းတစ်ဦးက သူ့အော်သံကို ကြားသွားခဲ့ပါတယ်။ အိမ်နီးချင်းက ရဲစခန်းကို ဖုန်းဆက်အကူအညီတောင်းခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက အာရွန်ရဲ့အိမ်တံခါးကို ဖျက်ဝင်ခဲ့ရတာပါ။

သူတို့ဟာ စပါးကြီးမြွေကို ဖယ်ရှားနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီး အာရွန်ကို ဆေးရုံပို့နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက စပါးကြီးမြွေကို ဖယ်ရှားဖို့ မိနစ် ၃၀ ကြာမြင့်ခဲ့ပါတယ်။ အာရွန်ကတော့ ကုသမှုခံယူခဲ့ပြီးနောက် ပြန်လည်သက်သာလာခဲ့ပါပြီ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...