စာရေးစာဖတ် ခက်ခဲသူတွေအတွက် တက္ကသိုလ် ဖွင့်လှစ်ပေးမယ့် ဘီလျံနာ ရစ်ချက်ဘရန်ဆန်

International News

စာရေးစာဖတ် ခက်ခဲသူတွေအတွက် တက္ကသိုလ် ဖွင့်လှစ်ပေးမယ့်
ဘီလျံနာ ရစ်ချက်ဘရန်ဆန်

Virgin Group စီးပွားရေးလုပ်ငန်းစုကြီးကို တည်ထောင်သူ ဘီလျံနာ ရစ်ချက်ဘရန်ဆန်က စာရေးစာဖတ်ခက်ခဲသူတွေအတွက် တက္ကသိုလ်ဖွင့်လှစ်ပေးမယ့် စီမံကိန်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ Virgin Group စီးပွားရေးလုပ်ငန်းစုကြီးဟာ တေးသံသွင်း၊ ဟိုတယ်လုပ်ငန်း၊ လေကြောင်းလိုင်း၊ ဇိမ်ခံသင်္ဘောလိုင်းနဲ့ အာကာသခရီးသွားကုမ္ပဏီလုပ်ငန်းတွေ လုပ်ကိုင်နေတာဖြစ်ပြီး ရစ်ချက်ဘရန်ဆန်ကလည်း စီးပွားရေးလောကထဲမှာ ကျင်လည်နေတာ ဆယ်စုနှစ် ၅ စု တိုင်ခဲ့ပါပြီ။

ဒါပေမဲ့ ရစ်ချက်ဘရန်ဆန်ကိုယ်တိုင်က စာရေးစာဖတ်ခက်ခဲတဲ့ရောဂါ ရှိသူတစ်ယောက်ပါ။ ” စာရေးစာဖတ် ခက်ခဲလို့ အသက် ၁၅ နှစ်အရွယ်ကတည်းက ကျွန်တော် ကျောင်းထွက်ခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်က အဲဒီရောဂါ ရှိမှန်း မသိဘူး။ ကျွန်တော် ကျောင်းသားဘဝတုန်းက အဲဒီရောဂါအကြောင်း မသိကြသေးဘူးလေ။ ဘဝတက္ကသိုလ်ကပဲ သင်ယူခဲ့ရတာပါ။ စာရေးစာဖတ် ခက်ခဲတဲ့အခြေအနေဟာ စူပါပါဝါတစ်ခုဆိုတာ မိသားစုဝင်တွေနဲ့ ကလေးတွေသိအောင် ကျွန်တော့်တစ်ဘဝလုံး ကြိုးစားပမ်းစား ရှင်းပြခဲ့ရတာပါ”လို့ ရစ်ချက်ဘရန်ဆန်က ဆိုပါတယ်။

သူဟာ ကျောင်းမှာတုန်းက ဂျီသြမေတြီနဲ့ သင်္ချာဘာသာရပ်တွေကို စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမဲ့ စာရေးစာဖတ် ခက်ခဲတဲ့ရောဂါကြောင့်ပဲ သူအားသန်ရာတွေကို လုပ်ဖြစ်ဖို့ တွန်းအားဖြစ်စေခဲ့တာပါ။ အဲဒီအတွက် ကျောင်းထွက်ကာ Virgin Group ကို တည်ထောင်ဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ အိပ်မက်တွေကို အကောင်အထည်ဖော်မယ့် စာရေးစာဖတ် ခက်ခဲသူကလေးငယ်တွေအတွက် သီးသန့်တက္ကသိုလ်တစ်ခု တည်ထောင်ဖို့ ရစ်ချက်ဘရန်ဆန်က စီစဉ်နေပါပြီ။

သူ တည်ထောင်မယ့် တက္ကသိုလ်မှာ စွန့်ဦးတီထွင်မှုနဲ့ လုပ်ငန်းစတင် ထူထောင်ရေးသင်ရိုး ၂ ခုကို ရစ်ချက်ဘရန်ဆန်ကိုယ်တိုင် ၁ ကြိမ်လျှင် ၁ နာရီကြာ ပို့ချသွားမှာဖြစ်ပြီး မိုဟာမက်အလီ၊ စတိဗ်ဂျော့နဲ့ ပီကာဆိုတို့လို စာရေးစာဖတ် ခက်ခဲတဲ့ရောဂါ ခံစားရပေမဲ့ အောင်မြင်ကျော်ကြားသူတွေအကြောင်း အသားပေး ပို့ချသွားမှာလို့ သိရပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...