ထိုင်းနိုင်ငံက တိရစ္ဆာန်ဥယျာဉ်အတွက် ငွေအမြောက်အမြားရှာပေးနေတဲ့ မိုဒိန်အမည်ရတဲ့ ရေမြင်းပေါက်လေး

International News
ထိုင်းနိုင်ငံက တိရစ္ဆာန်ဥယျာဉ်အတွက် ငွေအမြောက်အမြားရှာပေးနေတဲ့
မိုဒိန်အမည်ရတဲ့ ရေမြင်းပေါက်လေး

ထိုင်းနိုင်ငံက မိုဒိန်အမည်ရတဲ့ ရေမြင်းပေါက်လေးဟာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့အပြင် သူ တည်ရှိရာ တိရစ္ဆာန်ဥယျာဉ်အတွက်လည်း ငွေအမြောက်အမြားရှာပေးနေပါတယ်။

၂ လသားအရွယ်ပဲရှိသေးတဲ့ မိုဒိန်လေးက စက်တင်ဘာလရဲ့ပထမ ၁၉ ရက်အတွင်း Khao Kheow Open Zoo လက်မှတ်ရောင်းရငွေတန်ဖိုး ဘတ် ၁၂.၉၇ သန်းရှာပေးခဲ့တာပါ။ မိုဒိန်လေးက လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး အဲ့ဒီကာလအတွင်း တိရစ္ဆာန်ဥယျာဉ်ကို လူပေါင်း ၈၁၇၈၆ ဦး လာရောက်လည်ပတ်ခဲ့ကြတာပါ။

မိုဒိန်လေးဟာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်က Khao Kheow Open တိရစ္ဆာဉ်ဥယျာဉ်တစ်ခုမှာ ရှိနေတာပါ။ ချစ်စရာကောင်းတဲ့ ရေမြင်းပေါက်လေးရဲ့ဆွဲဆောင်မှုကြောင့် လာရောက်လည်ပတ်သူအရေအတွက် ၅၀ ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့သိရပါတယ်။ တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်သူ ၁ သန်းကျော်သွားမှာဖြစ်ပြီး ဘဏ္ဍာနှစ်အတွက် စုစုပေါင်းဝင်ငွေ ဘတ်သန်း ၂၀၀ကျော်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားလို အခြားအာရှနိုင်ငံတွေက လာရောက်လည်ပတ်သူတွေပိုများမယ်လို့ မျှော်မှန်းထားပါတယ်။

မိုဒိန်လေးရဲ့ပျော်ရွှင်နေတဲ့ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ လူသိများသွားခဲ့တာပါ။ မိုဒိန်နဲ့ ဆက်စပ်တဲ့ အဝတ်အထည်တွေကိုလည်း ကုန်ပစ္စည်းအနေနဲ့ ထုတ်လုပ်သွားမယ်လို့လည်း တိရစ္ဆာန်ဥယျာဉ်က ကြေညာထားပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...