ပါလက်စတိုင်း နိုင်ငံထူထောင်ရေး ဥရောပနှင့် မွတ်ဆလင်နိုင်ငံများ စပိန်၌တွေ့ဆုံဆွေးနွေး

International News
ပါလက်စတိုင်း နိုင်ငံထူထောင်ရေး ဥရောပနှင့် မွတ်ဆလင်နိုင်ငံများ စပိန်၌တွေ့ဆုံဆွေးနွေး

ဂါဇာစစ်ပွဲအဆုံးသတ်ရေး နည်းလမ်းများရှာဖွေရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို စပိန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို နှစ်နိုင်ငံထူထောင်ခြင်းမူဖြင့် ဖြေရှင်းနိုင်ရေး ရှင်းလင်းပြတ်သားသည့် အချိန်ဇယားတစ်ခု အကောင်အထည်ဖော်ရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို စပိန်ကပင် တောင်းဆိုလိုက်သည်။

နှစ်နိုင်ငံထူထောင်ရေးမူမှာ ပဋိပက္ခအတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ်အယ်လ်ဘာရက်စ် က ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးအကြီးအကဲ ဂျိုးဆက်ဖ်ဘော်ရဲလ် ၊ ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟမ်မက်မူစတာဖာ နှင့် အီဂျစ်၊ ဆော်ဒီ ၊ ကာတာ၊ ဂျော်ဒန် ၊ အင်ဒိုနီးရှား ၊ နိုင်ဂျီးရီးယား နှင့် တူရကီတို့ပါဝင်သည့် ဂါဇာအတွက် အာရပ်-အစ္စလာမ္မစ်ဆက်သွယ်ရေးအုပ်စု အဖွဲ့ဝင်နိုင်ငံများနှင့်အတူ နော်ဝေနှင့် စလိုဗေးနီးယား နိုင်ငံတို့လည်း တက်ရောက်နေကြပြီး အစ္စရေးကတော့ တက်ရောက်ခြင်းမရှိပေ။

စကားလုံးများကို လုပ်ရပ်အဖြစ်ပြောင်းလဲကြရေး နှင့် ပါလက်စတိုင်းအား ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာခြင်းနှင့်စတင်ပြီး နှစ်နိုင်ငံထူထောင်ရေးမူကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရှင်းလင်းသောအချိန်ဇယားရရှိရေးကို အစည်းအဝေးတက်ရောက်လာသူများကြား စိတ်အားထက်သန်နေကြကြောင်း မစ္စတာ အယ်လ်ဘာရက်စ် က ပြောကြားသည်။

ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသနှစ်ခုကို ပေါင်းစည်းထားကာ အရှေ့ဂျေရုဆလင်အား မြို့တော်အဖြစ် အသိအမှတ်ပြုပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ က အုပ်ချုပ်သွားမည့် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း စပိန်၊ နော်ဝေး နှင့် အိုင်ယာလန်နိုင်ငံတို့က မေလ ၂၈ ရက် က ပြောကြားကြပြီး ယင်းနှင့်အတူ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုသည့် ကုလအဖွဲ့ဝင်နိုင်ငံ ၁၄၆ နိုင်ငံအထိ ရှိလာခဲ့သည်။
နှစ်နိုင်ငံထူထောင်ခြင်းအဖြေကို ၁၉၉၁ ခုနှစ် မက်ဒရစ်ကွန်ဖရင့် နှင့် ၁၉၉၃-၉၅ နော်ဝေး သဘောတူညီချက်တို့တွင် သဘောတူချမှတ်ခဲ့ကြသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှစ်ပေါင်းများစွာ အခက်တွေ့နေခဲ့သည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...