ပြည်သူတယောက်ချင်းစီရဲ့ ဘဏ်အကောင့်ထဲကို ဘတ် တသောင်း (မြန်မာငွေ ၁၅ သိန်း) စီထည့်ပေးလိုက်တဲ့ ထိုင်းအစိုးရ

International News
ပြည်သူတယောက်ချင်းစီရဲ့ ဘဏ်အကောင့်ထဲကို
ဘတ် တသောင်း (မြန်မာငွေ ၁၅ သိန်း) စီထည့်ပေးလိုက်တဲ့ ထိုင်းအစိုးရ

ထိုင်းအစိုးရက စက်တင်ဘာ ၁၅ ရက်နေ့ကနေ စပြီး ပြည်သူတဦးချင်းစီရဲ့ ဘဏ်အကောင့်ထဲကို ဘတ် တသောင်း (မြန်မာကျပ်ငွေ ၁၅ သိန်း) စီ ထည့်ပေးနေတယ်လို့ သိရပါတယ်။ ပြည်သူတဦးချင်းစီရဲ့ ဒစ်ဂျစ်တယ်ဝဲလက် (ကေပေးကဲ့သို့ အက်ပလီကေးရှင်း) ထဲကို ထည့်ပေးမှာ ဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ ကုန်ကျမှာ ဖြစ်ပါတယ်။ ထိုင်းပြည်သူ သန်း ၅၀ လုံးကို နောက် ၆ လအတွင်းမှာ အပြီးပေးမယ်လို့ သိရပါတယ်။

စီးပွားရေးကျဆင်းမှုကို ကုစားပေးပြီး နိုင်ငံသားတွေ ဒစ်ဂျစ်တယ် အသုံးပြုမှုကို ပိုမို စိတ်ဝင်စားစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ သူများနိုင်ငံကတော့ အကောင့်ထဲကို ငွေတွေ ပလိန်းထည့်ပေးနေတဲ့ အချိန်မှာ ရတနာရွှေပြည်ကြီးကတော့ ရှိတဲ့အကောင့်တွေပါ ပိတ်ပြီး အကောင့်ထဲက ငွေတွေပါ သိမ်းပစ်နေပါတယ်။ ရွှေပြည်တော် မျှော်တိုင်းဝေးနေပြီလား ဆိုတာကတော့…

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...