လက်ဘနွန်နှင့် အပစ်ရပ်ရေး အမေရိကန်၏အစီအစဉ် အစ္စရေးပယ်ချ၊ ဘေရွတ်အား တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်

International News
လက်ဘနွန်နှင့် အပစ်ရပ်ရေး အမေရိကန်၏အစီအစဉ် အစ္စရေးပယ်ချ၊
ဘေရွတ်အား တိုက်ခိုက်မှုများဆက်လက်လုပ်ဆောင်

ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရန် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုများကို အစ္စရေးက ယမန်နေ့တွင် ပယ်ချလိုက်ကြောင်း ရိုက်တာသတင်းအရ သိရသည်။
ယင်းအတွက် ၎င်းတို့၏အကြီးမားဆုံး မဟာမိတ်အမေရိကန်ကိုလည်း အန်တုလိုက်ပြီး လက်ဘနွန်နိုင်ငံ၌ လူပေါင်း ရာချီ သေဆုံးခဲ့သည့် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ကာ ဒေသတစ်ခုလုံး စစ်မီးတောက်မည့် စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့သည်။

အစ္စရေး က ယင်းကဲ့သို့ ပြုမူနေသော်လည်း ဗုဒ္ဒဟူးနေ့က ၎င်းတို့တင်ပြခဲ့သည့် ၂၁ ရက် အကြာ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ဆက်လက်အသက်ဝင်အောင် လုပ်ဆောင်ထားကြောင်း နှင့် နယူးယောက်မြို့ ကုလအစည်းအဝေးပြင်ပ၌ တွေ့ဆုံမှုများအပါအဝင် ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်နေကြောင်း အမေရိကန်နှင့် ပြင်သစ်တို့က ပြောကြားသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့၏ လေတပ်အကြီးအကဲ တစ်ဦးဖြစ်သူ မိုဟာမက်ဆူရာ သေဆုံးခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားသည်။
ထိုအတောအတွင်းတွင်ပင် လက်ဘနွန်နှင့်နယ်စပ် အစ္စရေးဘက်ခြမ်းတွင် အစ္စရေးကြည်းတပ် က မြေပြင်ကျူးကျော်မှုပုံစံကို ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။

မြေပြင်စစ်ဆင်ရေးဖြစ်ပေါ်လာခဲ့ပါက ကြည်းတပ်ကို အကူအညီပေးနိုင်ရန် အစ္စရေးလေတပ်က လုပ်ဆောင်နေသကဲ့သို့ အီရန်မှ မည်သည့်လက်နက် လွှဲပြောင်းမှုကိုမဆို တားဆီးသွားမည်ဖြစ်ကြောင်း လေတပ်တပ်မှူး ဗိုလ်မှူးချုပ် တိုမာဘား က ယမန်နေ့ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့ ရည်မှန်းချက်များအားလုံး ပြည့်စုံသွားချိန်အထိ ဟစ်ဇ်ဘိုလာအဖွဲ့ကို အင်အားအပြည့်အဝဖြင့် ထိုးနှက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောကြားရန် နယူးယောက်မြို့သို့ ရောက်ရှိနေသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က သတင်းထောက်များအား ပြောကြားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...