လမ်းဘေးဈေးဆိုင်လေး ဖွင့်ရာကနေ ဘီလျံနာဖြစ်လာခဲ့သူ

International News
လမ်းဘေးဈေးဆိုင်လေး ဖွင့်ရာကနေ ဘီလျံနာဖြစ်လာခဲ့သူ

ပိုလီယိုရောဂါ ခံစားနေရပေမဲ့ လမ်းဘေးမုန့်ဆိုင်လေး ဖွင့်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ဒီနေ့အချိန်မှာတော့ မလေးရှားနိုင်ငံရဲ့ အသစ်စက်စက် ဘီလျံနာစာရင်းဝင်ခဲ့ပါပြီ။ လီသီယမ်ဝါဟာ မလေးရှားနိုင်ငံရဲ့အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကလန်းမြို့မှာ မွေးဖွားခဲ့တာပါ။ သူ့အဖေက ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး သူ့အမေကတော့ ဈေးဆိုင် ဖွင့်ပါတယ်။ သူ့မှာ မွေးချင်း ၁၁ ယောက် ရှိတော့ အိမ်စရိတ် များလွန်းပြီး ဝင်ငွေနည်းလို့ ငွေကြေးမချောင်လည်ပါဘူး။ ငယ်ငယ်ကတည်းက ပိုလီယိုဖြစ်ခဲ့တဲ့ လီသီယမ်ဝါဟာ ၆ တန်းအထိပဲ ကျောင်းနေခဲ့ဖူးပါတယ်။

လီသီယမ်ဝါက လမ်းဘေးမုန့်ဆိုင်လေး စဖွင့်ပြီး စီးပွားရေးလောကထဲ စဝင်လာခဲ့တာပါ။ ၁၉၈၇ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံး စတိုးဆိုင်ကို စဖွင့်ခဲ့ပါတယ်။ နှစ်တွေကြာလာချိန်မှာတော့ မလေးရှားနိုင်ငံအနှံ့မှာ သူ့ရဲ့ 99 Speed Mart စတိုးဆိုင်ပေါင်း ၂၇၀၀ နီးပါး ရှိနေပါပြီ။ မလေးရှားနိုင်ငံရဲ့ အကြီးမားဆုံး စတိုးဆိုင်လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။

သူဟာ စတိုးဆိုင်လုပ်ငန်းမှာ အောင်မြင်နေသလို Alliance Bank Malaysia Bhd ဘဏ်လုပ်ငန်းမှာလည်း ရှယ်ယာဝင်အဖြစ် ပါဝင်နေပါသေးတယ်။ လီသီယမ်ဝါဟာ လာမယ့် ၃ နှစ်အတွင်း မလေးရှားနိုင်ငံမှာ 99 Speed Mart စတိုးဆိုင်ပေါင်း ၃၀၀၀ အထိ ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်နေတာပါ။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ လီသီယမ်ဝါရဲ့ 99 Speed Mart ကုမ္ပဏီတန်ဖိုးဟာ မလေးရှားစတော့ရှယ်ယာဈေးကွက်မှာ ၇ နှစ်အတွင်း အများဆုံးပမာဏဖြစ်ခဲ့ပြီး သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံအထိ ရှိလာခဲ့ပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...