အစ္စရေးရှိ တရုတ်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် တရုတ်အစိုးရသတိပေး

International News
အစ္စရေးရှိ တရုတ်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန်
တရုတ်အစိုးရသတိပေး

အစ္စရေးနှင့် လက်ဘနွန်နိုင်ငံမှ အီရန်ကျောထောက်နောက်ခံပေးထားသည့် ဟစ်ဘိုလာအုပ်စုကြား တင်းမာမှုများ မြင့်တက်လာခဲ့သဖြင့် အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် တရုတ်အစိုးရက သတိပေးထုတ်ပြန်လိုက်သည်။

လက်ရှိတွင် အစ္စရေးနှင့် လက်ဘနွန်နယ်စပ်အခြေအနေမှာ အလွန်တင်းမာနေပြီး စစ်ရေးပဋိပက္ခများ ပြင်းထန်လာနေကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပြောကြားသည်။

အစ္စရေးနိုင်ငံ က လုံခြုံရေးအခြေအနေ က ပြင်းထန် ၊ ရှုပ်ထွေးပြီး ကြိုပြောလို့မရသည့် အနေအထားတွင် ရှိကြောင်း သံရုံးက ပြောကြားပြီး အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသားများ အနေဖြင့် မိခင်နိုင်ငံသို့ ပြန်ကြရန် သို့မဟုတ်ပါကလည်း ပိုမိုလုံခြုံသောနေရာများသို့ အမြန်ဆုံး‌ပြောင်းရွှေ့နေကြရန် တိုက်တွန်းပြောကြားသည်။


လက်ရှိဖြစ်ပွားနေသည့်စစ်ပွဲအား ထိန်းသိမ်းကြရန် နိုင်ငံတကာက နှစ်ဖက်စလုံးကို တိုက်တွန်းနေသော်ငြားလည်း နယ်စပ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများအား ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးနှင့် ဟစ်ဘိုလာ နှစ်ဖက်စလုံးက အပြန်အလှန်တုံ့ပြန်ပြောဆိုလာကြသည်။

အစ္စရေးတိုက်ခိုက်မှုအတွင်း စီနီယာပါလက်စတိုင်း စစ်သွေးကြွတစ်ဦး သေဆုံးခဲ့ပြီးနောက် လက်ဘနွန်တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံသားများ ယင်းနိုင်ငံမှ ထွက်ခွာကြရန် ပြီးခဲ့သည့်လထဲတွင်လည်း တရုတ်အစိုးရက တိုက်တွန်းခဲ့သေးသည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...