အိမ်ရာမဲ့တွေအတွက် ရွေ့လျားအိမ်ငယ်တွေ တည်ဆောက်ပေးနေတဲ့ ကနေဒါအမျိုးသား

International News
အိမ်ရာမဲ့တွေအတွက် ရွေ့လျားအိမ်ငယ်တွေ
တည်ဆောက်ပေးနေတဲ့ ကနေဒါအမျိုးသား

ကနေဒါနိုင်ငံမှ အမျိုးသားတစ်ဦးဟာ အိမ်ရာမဲ့တွေအတွက် ရည်ရွယ်ပြီး ရွေ့လျားအိမ်ငယ်တွေ တည်ဆောက်လျက် ရှိပါတယ်။ ရိုင်ယန်ဒိုနစ်ရဲ့အစ်ကိုဟာ နှစ် ၂၀ ကြာ မူးယစ်ဆေး စွဲခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အိမ်ရာမဲ့ဘဝ ရောက်နေသူပါ။ သူ့အစ်ကိုရဲ့ဖြစ်ရပ်အပါအဝင် တိုရွန်တိုမြို့မှာ အိမ်ရာမဲ့ဦးရေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်ပူပန်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် မန်နေဂျာ ရိုင်ယန်ဒိုနစ်က နာရီ ၁၀၀ အချိန်ယူပြီး ရွေ့လျားအိမ်ငယ် ပုံစံငယ်ကို စတင်တည်ဆောက်ခဲ့တာပါ။

ဖိုက်ဘာမှန်တွေနဲ့ တည်ဆောက်ထားတဲ့ ရွေ့လျားအိမ်ငယ်တွေမှာ အိပ်ရာ၊ စားပွဲခုံ၊ လက်ဆေးစင်နဲ့ အိမ်သာတွေ ပါဝင်ပါတယ်။ အိမ်ငယ်လေးတွေဟာ ရာသီဥတုဒဏ် ခံနိုင်ပြီး ရေလုံအောင် တည်ဆောက်ထားသလို အပူကာနိုင်စွမ်းလည်း ရှိပါတယ်။ မီးချောင်းနဲ့ ပန်ကာဖွင့်ဖို့ ဆိုလာစွမ်းအင်ကို အသုံးပြုမှာဖြစ်ပြီး ပြတင်းပေါက်တစ်ပေါက် ပါဝင်ပါသေးတယ်။ အိပ်ယာကို ဆိုဖာထိုင်ခုံအဖြစ် ပြောင်းလဲနိုင်ပြီး အောက်ဘက်မှာ အသုံးအဆောင်ပစ္စည်းတွေ သိမ်းနိုင်တဲ့ နေရာရှိပါတယ်။

ရွေ့လျားအိမ်ငယ်တွေကို Tiny Tiny Homes လို့အမည်ပေးထားပြီး လက်ရှိအချိန်မှာတော့ ရိုင်ယန်ဒိုနစ်က သူ့ရဲ့ဒုတိယမြောက် ရွေ့လျားအိမ်ငယ်ကို တည်ဆောက်နေပါပြီ။

” အမေကတော့ အစ်ကိုနဲ့ အဆက်အသွယ် ရှိပါတယ်။ ကျွန်တော်ကတော့ သူနဲ့ စကားမပြောဖြစ်တာ နှစ်ချီနေပြီ။ ကျွန်တော်ကတော့ အိမ်ရာမဲ့တိုင်းကို ရွေ့လျားအိမ်ငယ်လုံး တစ်လုံးစီလောက် ပိုင်ဆိုင်စေချင်တာပါပဲ။ အခြေချ နေထိုင်မယ့် အတည်တကျ နေအိမ်မရသေးခင်စပ်ကြား ရွေ့လျားအိမ်ငယ်တွေမှာ နေခွင့်ရစေချင်တာပါ” လို့ ရိုင်ယန်ဒိုနစ်က ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...