တရုတ် နှင့် ရုရှား ယခုလအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မည်
မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစဉ် ယခုလအတွင်း ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံက ယနေ့(စက်တင်ဘာ ၉ ရက်) တွင်ပြောကြားသည်။
၂၀၂၄ – မြောက်ပိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဂျပန်ပင်လယ်နှင့် ရုရှားကမ်းလွန်ရှိ အော့ဟော့စ်ခ်ပင်လယ် ရေပြင်အနီးဝန်းကျင်နှင့် ဝေဟင်တွင် ရေတပ်နှင့် လေတပ်များ ပါဝင်လေ့ကျင့်ကြမည် ဖြစ်ကြောင်း တရုတ်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
တရုတ်နှင့် ရုရှားစစ်တပ်နှစ်ခုကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လုံခြုံရေးခြိမ်းခြောက်မှုများကို ပူးတွဲကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို တိုးမြှင့်ရန် ရည်ရွယ်၍ ယခု စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။
ပူးတွဲရေကြောင်း ကင်းလှည့်မှုအတွက် ပစိဖိတ်သမုဒ္ဒရာ၏ သက်ဆိုင်ရာ ဧရိယာများသို့ နှစ်ဖက်ရေတပ်သင်္ဘောအုပ်စုများကို စေလွှတ်သွားမှာဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ က ရုရှား၏ ၂၀၂၄ – မဟာဗျူဟာမြောက် သမုဒ္ဒရာစစ်ရေးလေ့ကျင့်မှုတွင်လည်း ပါဝင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက် က ဆက်လက်ဖော်ပြသည်။
သို့သော် စစ်ရေးလေ့ကျင့်မှုများ စတင်မည့်ရက်ကို တရုတ်၏ထုတ်ပြန်ချက်တွင် မဖော်ပြထားပေ။ ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း တရုတ်နှင့်ရုရှားတို့က တရုတ်နိုင်ငံတောင်ပိုင်း ကန်တုံပြည်နယ် အနီးက ပင်လယ်ပြင်နှင့် ဝေဟင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြသေးသည်။
ရေးသားသူ –The Standard Time Daily
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။