နိုင်ငံအချင်းချင်းကြား မယုံကြည်မှုတိုးပွားလာခြင်းအပေါ် ကုလရာသီဥတုအစည်းအဝေးတက် ခေါင်းဆောင်များ သတိပေး ပြောကြား

International News
နိုင်ငံအချင်းချင်းကြား မယုံကြည်မှုတိုးပွားလာခြင်းအပေါ် ကုလရာသီဥတုအစည်းအဝေးတက် ခေါင်းဆောင်များ သတိပေး ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသော ကုလသမဂ္ဂအထွေထွေညီလာခံ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရာသီဥတုကို အဓိကထားသော “အနာဂတ်အတွက် ထိပ်သီးဆွေးနွေးပွဲ”ကိုလည်း ကျင်းပလျက်ရှိရာ အဆိုပါပွဲတွင် နိုင်ငံများကြား အချင်းချင်းမယုံကြည်မှုများ တိုးပွားလာသည်ကို တက်ရောက်လာသော ခေါင်းဆောင်များက သတိပေးပြောကြားခဲ့ကြသည်။

နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရေးကို ရည်မှန်းကာ ‘အနာဂတ်အတွက် စုပေါင်း သဘောတူညီချက်’ တစ်ခုကို လက်ခံခဲ့ကြပြီးနောက် ခေါင်းဆောင်များက ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခြင်းဖြစ်ကာ အများအပြားက ရာသီဥတုရန်ပုံငွေကို အရေးပေါ်အသုံးပြုခွင့်ရရန် တောင်းဆိုခဲ့ကြသည်။

နိုင်ငံတကာစိန်ခေါ်မှုများက မိမိတို့ ဖြေရှင်းနိုင်တာထက် ပိုမိုလျင်မြန်စွာ ရွေ့လျားနေကြကြောင်း ၊ ပြဿနာတွေက အပြန်အလှန်တုံ့ပြန်မှုဖြစ်ကာ တစ်ခုနှင့်တစ်ခု ဒွန်တွဲနေကြကြောင်း၊ ဥပမာအားဖြင့် ဒစ်ဂျစ်တယ်နည်းပညာများက ရာသီဥတုသတင်းမှားများကို ဖြန့်ချိနေကြရာ မယုံကြည်မှုကို နက်ရှိုင်းလာစေပြီး မတူကွဲပြားမှုကို ပိုဆိုးလာစေကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က ပြောကြားသည်။

မစ္စတာဂူတာရက်စ်၏ သတိပေးချက်ကို ဘာဘားဒေါ့စ်ဝန်ကြီးချုပ် မစ္စက်မီယာမော့တလေ ကလည်း ထောက်ခံခဲ့ကာ နိုင်ငံတကာအင်စတီကျူးရှင်းများအား စီမံခန့်ခွဲပုံကို ပြောင်းလဲရမှာဖြစ်ပြီး သို့မှသာလျှင် ဘေးဒုက္ခများကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ပြီး အမှန်တကယ်အကူအညီလိုနေသူများကို ကူညီနိုင်မှာဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ကမ္ဘာသစ်တစ်ခုကို ပုံဖော်ကြရေး တတ်နိုင်သမျှ လူအများအပြားပါဝင်လာအောင် လုပ်ဆောင်ရမည့် အချိန်၌ အုပ်ချုပ်ရေး အင်စတီကျူးရှင်းများ ချည့်နဲ့မှု ၊ အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံကြား မယုံကြည်မှုများသည် လူ လူချင်း အလှမ်းကွာမှုများကို ပိုမို ကျယ်ပြန့်လာစေမှာဖြစ်ကြောင်း မစ္စတာမော့တလေ က ပြောကြားသည်။


ကုလသမဂ္ဂ ရာသီဥတုထိပ်သီးအစည်းအဝေးကို ယနေ့တွင်လည်း ဆက်လက်ကျင်းပလျက်ရှိကာ တရုတ်၊ အိန္ဒိယ နှင့် အမေရိကန်နိုင်ငံတို့က မိန့်ခွန့်ပြောကြားသွားမည်ဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...