ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်ပမာဏကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ LEGO ကုမ္ပဏီ ဆို

International News
ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်ပမာဏကို
၅၀ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ LEGO ကုမ္ပဏီ ဆို

၂၀၂၆ ခုနှစ်မှာ ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်ပမာဏကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ LEGO ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ LEGO ထုတ်လုပ်ရာမှာ ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်ပမာဏကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့အတွက် ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းလောက် မြင့်တက်လာမှာဖြစ်ပေမဲ့ ဈေးတင်ရောင်းမှာ မဟုတ်ဘဲ ကုမ္ပဏီဘက်က ကျခံပေးသွားမှာပါ။ ဒါဟာ ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ် ထုတ်လုပ်ရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ကုန်ကျစရိတ် လျှော့ချနိုင်ရေးအပေါ် အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း LEGO ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်က ဆိုပါတယ်။

LEGO ကုမ္ပဏီဟာ ကလေး၊ လူကြီးမရွေး ဝယ်ယူကြစေဖို့အတွက် Star Wars နဲ့ Harry Potter Lego တွေ ထုတ်လုပ်ခဲ့သလို ဘွန်ဆိုင်းပင်၊ လမ်ဘော်ဂီနီကား အစရှိတဲ့ ထုတ်လုပ်မှုတွေကြောင့် ဝင်ငွေ ၂၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး အခုနှစ်အတွင်း စံချိန်တင်အကျိုးအမြတ် ရရှိခဲ့ပါတယ်။

ဒါ့အပြင် LEGO ကုမ္ပဏီက ပြန်လည်အသုံးပြုနိုင်တဲ့ LEGO အစိတ်အပိုင်းတွေ ပေးအပ်ရေးအစီအစဉ် (Replay program)ကိုလည်း တိုးချဲ့ဆောင်ရွက်လျက် ရှိပါတယ်။ အသုံးမလိုတော့တဲ့ LEGO အစိတ်အပိုင်းတွေရှိရင် ကုမ္ပဏီထံ ပြန်လည်ပေးပို့နိုင်ပြီး ပို့ခကိုလည်း ကုမ္ပဏီဘက်မှ ကျခံပေးသွားမှာပါ။ LEGO ကုမ္ပဏီဟာ Replay program မှတစ်ဆင့် LEGO အစိတ်အပိုင်း အလေးချိန် ပေါင် ၁ သန်းကျော်အထိ ရရှိခဲ့ပြီး အစိတ်အပိုင်းပေါင်း ၄ သိန်းကို ကလေးငယ်တွေထံ ပြန်လည်ပေးပို့နိုင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...