ယာဂီမုန်တိုင်းကြောင့် ဖိလစ်ပိုင်၌ လူ ၁၃ ဦး thayဆုံး

International News
ယာဂီမုန်တိုင်းကြောင့် ဖိလစ်ပိုင်၌ လူ ၁၃ ဦး thayဆုံး

ဖိလစ်ပိုင်နိုင်ငံ၌ ယာဂီ အပူပိုင်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၃ ဦး thayဆုံးခဲ့ကာ ရာသီဥတုဆိုးရွားမည်ဟု မျှော်လင့်ထားခြင်းကြောင့်လည်း မြို့တော် မနီလာနှင့် အနီးအနား ခရိုင်များတွင် စာသင်ကျောင်းများနှင့် အစိုးရရုံးများ ပိတ်ထားရသည်။

ယာဂီ မုန်တိုင်းသည် နိုင်ငံအရှေ့ပိုင်း အော်ရိုရာပြည်နယ်၊ ကာစီဂူရန်မြို့သို့ ယမန်နေ့က ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ကာ ယင်းမြို့နယ်တွင် လျှပ်စစ်မီးများပြတ်တောက်သွားကြောင်း ဘေးအန္တရာယ်ကယ်ဆယ်ရေး အရာရှိ အီဂါဂူ က ပြောကြားသည်။
နံနက် ၈ နာရီခန့်တွင် ယင်းမုန်တိုင်းသည် နိုင်ငံအလယ်ပိုင်း အီလိုကော့စ် ပြည်နယ် လာအိုအက်မြို့အနီး ကမ်းရိုးတန်း၌ ရောက်ရှိနေကြောင်း အစိုးရမိုးလေဝသဌာန က ထုတ်ပြန်ပြောကြားခဲ့သည်။

တစ်နာရီ လေတိုက်နှုန်း ၇၅ ကီလိုမီတာနှင့် မုန်တိုင်းသည် ဆက်လက်ပြီး အနောက်မြောက်ဘက် တောင်တရုတ်ပင်လယ်ထဲသို့ ရွှေ့လျားသွားမည်ဟု မျှော်လင့်ထားကြသည်။
မနီလာအရှေ့ဘက် အန်တီပိုလိုမြို့တွင် မြေပြိုမှုနှင့် ရေနစ်မြုပ်မှုများကြောင့် လူ ခုနှစ်ဦး သေဆုံးခဲ့ကြောင်း အရာရှိများက ပြောကြားသည်။ မြေပြိုပြီး ရေနှင့် မျောပါသွားခြင်းကြောင့် လူ လေးဦးလည်း ပျောက်ဆုံးလျှက်သည်။

အရှေ့ပိုင်း နာဂါမြို့တွင် လူသုံးဦး thayဆုံးခဲ့ကာ မြောက်ပိုင်း ဆာမာဒေသတွင်လည်း မြေပြိုမှုကြောင့် နှစ်ဦး thayဆုံးခဲ့သည်။ နိုင်ငံအလယ်ပိုင်း ပြည်နယ်များတွင်လည်း လူအthayအပျောက် ရှိကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် အပူပိုင်းမုန်တိုင်းနှင့် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့် ဝင်ရောက်မှုနှင့် ရင်ဆိုင်ရကြောင်း သိရသည်။

ရေးသားသူ – The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...