လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ပြန်ပေးဆွဲခံခဲ့ရသူ အစ်ကိုဖြစ်သူ မကွယ်လွန်မီ ပြန်လည်ဆုံဆည်းခွင့်ရခဲ့

International News
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ပြန်ပေးဆွဲခံခဲ့ရသူ
အစ်ကိုဖြစ်သူ မကွယ်လွန်မီ ပြန်လည်ဆုံဆည်းခွင့်ရခဲ့

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ကယ်လီဖိုးနီးယားကစားကွင်းကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ ၆ နှစ်သားလေးဟာ တူမဖြစ်သူရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုကြောင့် မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံစည်းခွင့် ရခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်က လူးဝစ်အယ်လ်ဘာတိုနဲ့ အစ်ကိုဖြစ်သူ ရော်ဂျာတို့ ကစားနေတုန်း အနီရောင်လည်စည်း စီးထားတဲ့ အမျိုးသမီးတစ်ယောက် ဗန်ကားနဲ့ရောက်ချလာပြီး လူးဝစ်ကို သကြားလုံးဝယ်ကျွေးမယ်လို့ ပြောခဲ့ပါတယ်။ တကယ်တမ်းမှာတော့ အမျိုးသမီးက လူးဝစ်ကို ပြန်ပေးဆွဲသွားပြီး အရှေ့ကမ်းရိုးတန်းမှာ နေထိုင်တဲ့ မိသားစုတစ်စုက သူ့ကို မွေးစားခဲ့ပါတယ်။

လူးဝစ် ပြန်ပေးဆွဲခံရပြီးနောက် ရဲတပ်ဖွဲ့က ရော်ဂျာကို မေးမြန်းမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့ သူ့အဖြေကတော့ ”အနီရောင်လည်စည်း ပတ်ထားတဲ့ အမျိုးသမီးတစ်ဦး ခေါ်သွားတယ်”ဆိုတာပါပဲ။ လူးဝစ်ကို တစ်နိုင်ငံလုံးအနှံ့ ဝိုင်းဝန်းရှာဖွေခဲ့ကြပေမဲ့ သူ့သတင်း အစအနတောင် မရခဲ့ပါဘူး။ လူးဝစ်ရဲ့အမေဟာ သူမသေခင် အချိန်အထိ သူ့သားကို ပြန်တွေ့ခွင့်ရဖို့ တစ်စိုက်မတ်မတ် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ၂၀၀၅ ခုနှစ်မှာ သူ့အမေ ကွယ်လွန်ခဲ့တာပါ။

လူးဝစ် အသက်ရှင်နေဆဲဖြစ်မယ်လို့ ပထမဆုံး တွေးမိတာက သူ့တူမ အလီဒါ(သူ့အစ်မရဲ့ သမီး)ပါ။ DNA စစ်ဆေးချက်တွေကို ခြေရာခံကြည့်လိုက်တော့ အရှေ့ဘက်ကမ်းရိုးတန်းမှာ နေထိုင်သူတစ်ဦးရဲ့ DNA နဲ့ ၂၂ ရာခိုင်နှုန်းအထိ တူညီနေတာကို တွေ့လိုက်ရပါတယ်။ အဆက်အသွယ် ရှားပါးပြီး အခက်အခဲမျိုးစုံ ကြုံရပေမဲ့ အလီဒါကတော့ လက်မလျှော့ခဲ့ပါဘူး။

အုတ်ကလန်ရဲတပ်ဖွဲ့ထံ ဆက်သွယ်ခဲ့ပြီး သူရထားတဲ့ သတင်းအချက်အလက်က ခိုင်လုံကြောင်း စည်းရုံးခဲ့ပါတယ်။ သူဟာ လူးဝစ်နဲ့ ရော်ဂျာတို့ ဘေးချင်းယှဉ်ရိုက်ထားတဲ့ ဓာတ်ပုံကို စာကြည့်တိုက်ကနေ ရှာဖွေခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြန်လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူပျောက်တိုင်ကြားမှုအသစ် ပြန်ဖွင့်ခဲ့ပြီး FBI ကပါ ပါဝင်လှုပ်ရှားခဲ့တာပါ။ လူးဝစ်နဲ့ အလီဒါရဲ့အမေကို DNA စစ်ဆေးမှုတွေ လုပ်ခဲ့ကြပြီး ဇွန်လ ၂၀ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့က အလီဒါတို့အတွက် သတင်းကောင်းပါးခဲ့ပါတယ်။ သူ့ဦးလေးကို ပြန်ရှာတွေ့ပြီဆိုတဲ့ သတင်းပါပဲ။

အဲဒီနောက်မှာတော့ FBI ရဲ့ ကူညီမှုနဲ့အတူ လူးဝစ်က အုတ်ကလန်မြို့ကို လာရောက်ခဲ့ပြီး သူ့အစ်ကို ရော်ဂျာ၊ သူ့အစ်မ၊ သူ့တူမ အလီဒါတို့နဲ့ တွေ့ဆုံခွင့်ခဲ့ပါတယ်။ လူးဝစ်နဲ့ ပြန်လည်ဆုံဆည်းခွင့်ရပြီး လပိုင်းအကြာမှာတော့ သူ့အစ်ကို ရော်ဂျာ ကွယ်လွန်သွားခဲ့ပါတယ်။ မကွယ်လွန်ခင် သူ့ညီနဲ့ ပြန်ဆုံခွင့် ရသွားခဲ့တာပါ။

ဦးလေးဖြစ်သူကို ဇွဲမလျှော့ဘဲ ပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ အလီဒါကတော့ မိသားစုထဲမှာ ပျောက်ဆုံးသွားသူတွေရှိရင် လက်မလျှော့ဘဲ ဆက်လက်ရှာဖွေကြဖို့ အကြံပြုလိုတယ်လို့ ဆိုပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...