ဝန်ကြီးချုပ် ပယ်ထွန်တန် ၏ အစိုးရအဖွဲ့သစ်ကို ထိုင်းဘုရင် ထောက်ခံချက်ပေး

International News
ဝန်ကြီးချုပ် ပယ်ထွန်တန် ၏ အစိုးရအဖွဲ့သစ်ကို ထိုင်းဘုရင် ထောက်ခံချက်ပေး

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန် က ဝန်ကြီးချုပ် ပယ်ထွန်တန်၏ အစိုးရအဖွဲ့သစ်ကို ထောက်ခံချက်ပေးလိုက်ကြောင်း ဗုဒ္ဒဟူးနေ့ နန်းတော်ပြန်တမ်းအရသိရပြီး ၃၆ ဦးပါ အစိုးရအဖွဲ့သစ်တွင် မျက်နှာသစ် ၁၂ ဦး ပါဝင်လာခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဆရက်သာထာဝီဆင် ကို မထင်မှတ်ဘဲ ဖယ်ရှားခဲ့ပြီးနောက် ပါလီမန် က အသက် ၃၈ အရွယ် ပယ်ထွန်တန်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သဖြင့် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၂၀၀၁ ခုနှစ်နောက်ပိုင်းကတည်းက အစိုးရအဖွဲ့အမျိုးမျိုးကို လွှမ်းမိုးခဲ့သည့် ဖွေထိုင်းပါတီ က အစိုးရသစ်ကိုလည်း လွှမ်းမိုးထားကာ ဘဏ္ဍာရေးဝန်ကြီးနေရာကို ပီချိုင်းချွန်ဟာဗာဂျီရာ နှင့် နိုင်ငံရေးဝန်ကြီးနေရာကို မာရစ် ဆန်ဂမ်ပွန်ဆာ တို့က ဆက်လက် ရယူထားခဲ့သည်။

ဒုတိယဝန်ကြီးချုပ် ဝီချာယာချိုင် က ကာကွယ်ရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့ကာ ၎င်းပူးတွဲရယူထားသည့် စီးပွားကူးသန်းဝန်ကြီးနေရာကို ဖွေထိုင်းအကြံပေးနှင့် စွမ်းအင်ဝန်ကြီးဟောင်း နရီသာဖန် ကို လွဲပြောင်းပေးခဲ့ရသည်။

ဘီလျံနာသူဌေးကြီး ရှင်နာဝါထရာ မိသားစု တည်ထောင်ခဲ့သည့် ဖွေထိုင်းပါတီ က အစိုးရသစ်တွင် ဝန်ကြီးနှင့် ဒုတိယဝန်ကြီးနေရာ စုစုပေါင်း ၁၇ နေရာကို ရယူထားကာ ကျန် ၁၉ နေရာကို ၎င်းတို့၏ မဟာမိတ်များကြား ခွဲဝေထားသည်။

အစိုးရသစ် က ၎င်းတို့၏ မူဝါဒသစ်ကို လာမည့်သီတင်းပတ်ထဲမှာပင် ပါလီမန်ကို တင်ပြသွားနိုင်ကြောင်း အစိုးရသစ်ဆော်ဩရေးမှူးဖြစ်သူ ဝီဆတ်ချိုင်နာရန် က ရိုက်တာသတင်းဌာနအားပြောကြားသည်။

အစိုးရသစ်ကို အလျင်အမြန်ဖွဲ့စည်းနိုင်ခြင်းမှာ ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်ပြီး စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်များကို ချောမွေ့စွာ စတင်နိုင်ရေးကို အထောက်အကူဖြစ်စေကြောင်း ထိုင်းဘဏ်လုပ်ငန်းရှင်များ အစည်းအရုံး ဥက္ကဌ ပါယောင်ဆရီဗာနစ် က ပြောကြားသည်။

ရေးသားသူ – Standard Daily News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...