ဝန်ထမ်း အယောက် ၁၀၀ ကို တရုတ်ကုမ္ပဏီတစ်ခုက နောက်ဆုံးပေါ် iPhone 16 Pro လက်ဆောင်ပေးသွားမယ်

International News
ဝန်ထမ်း အယောက် ၁၀၀ ကို တရုတ်ကုမ္ပဏီတစ်ခုက
နောက်ဆုံးပေါ် iPhone 16 Pro လက်ဆောင်ပေးသွားမယ်

ဝန်ထမ်းတွေကို တရုတ်အခြေစိုက် မီဒီယာကုမ္ပဏီ Mediastorm ရဲ့ စီအီးအိုပေးပို့တဲ့ စာရဲ့ Screenshot က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီစာမှာရေးထားတာက “အရင်လိုပဲ ဝန်ထမ်းတိုင်းက iPhone 16 Pro ရသွားမှာပါ။ အလုပ်သင်ပဲဖြစ်ဖြစ် အခုမှအလုပ်ဝင်တဲ့သူပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အခုအချိန်မှာ ကုမ္ပဏီနဲ့အတူတူရှိနေသရွေ့ တစ်လုံးစီ ရရှိသွားမှာပါ။ ကုမ္ပဏီအနေနဲ့ ဆက်စပ်တဲ့အခွန်အခတွေကိုလည်း ပေးဆောင်ပေးမှာဖြစ်လို့ စိတ်မပူပါနဲ့”တဲ့။

ဒီစာအတိုင်း Mediastorm ဝန်ထမ်းတိုင်းက စက်တင်ဘာ ၂၀ ရက်နေ့ ဈေးကွက်ထဲ ရောက်ရှိလာမယ့် iPhone 16Pro ကို ရရှိသွားမှာဖြစ်ပါတယ်။ ဒီ iPhone စီရီးအသစ်ကို စက်တင်ဘာ ၁၀ ရက်နေ့ကမှ မိတ်ဆက်ပေးခဲ့တာပါ။ Pro မော်ဒယ်က အနည်းဆုံးစင်ကာပူဒေါ်လာ ၁၅၉၉ ကျသင့်မှာဖြစ်ပါတယ်။

ဒီကုမ္ပဏီက ဝန်ထမ်းတွေကို iPhone တွေပေးတာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒါနဲ့ဆို ၃ နှစ်ဆက်တိုက်ပါပဲ။ ၂၀၂၂ ခုနှစ်က iPhone 14 Pro၊ ၂၀၂၃ ခုနှစ်က iPhone 15 Pro ပေးအပ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက iPhone အပြင် ဝန်ထမ်းတွေက Care Package တွေလည်း ရရှိခဲ့ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...