AI စွမ်းအင်သုံး စက်ရုပ်စားဖိုမှူးတွေ တီထွင်ဖန်တီးဖို့ ဟောင်ကောင်ပါမောက္ခ စီစဉ်နေ

International News Tech
AI စွမ်းအင်သုံး စက်ရုပ်စားဖိုမှူးတွေ တီထွင်ဖန်တီးဖို့
ဟောင်ကောင်ပါမောက္ခ စီစဉ်နေ

ဟောင်ကောင်မှ ဓာတုဗေဒပါမောက္ခတစ်ဦးဟာ ၃ မိနစ်အတွင်း အစားအစာ ချက်ပြုတ်ကြော်လှော်နိုင်စွမ်းရှိတဲ့ စက်ရုပ်စားဖိုမှူးတွေ တီထွင်ဖန်တီးဖို့ စီစဉ်လျက်ရှိပါတယ်။ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ချင်တာက ပါမောက္ခချန်းကွမ်ဟွာရဲ့ အိပ်မက်ပါပဲ။ ဟောင်ကောင်မှာ စားသောက်ဆိုင်ဖွင့်လိုက်တဲ့အခါ ဝါရင့်စားဖိုမှူးရှားပါးမှုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီအတွက် ချန်းကွမ်ဟွာက ၂၀၁၈ ခုနှစ်မှာ Hestia Technology Limited ကို တည်ထောင်ခဲ့ပြီး ဉာဏ်ရည်တု အသုံးပြုတဲ့ စက်ရုပ်စားဖိုမှူးတွေ တီထွင်ဖန်တီးဖို့ စီစဉ်ခဲ့တာပါ။

တရုတ်အစားအစာ၊ အီတလီအစားအစာတွေအပါအဝင် အစားအစာအမျိုးပေါင်း ၂၀၀ ကျော် ချက်ပြုတ်နိုင်တဲ့ စက်ရုပ်စားဖိုမှူးတွေကို တီထွင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ စက်ရုပ်စားဖိုမှူးတွေ အသုံးပြုခြင်းအားဖြင့် ဟင်းပွဲတစ်ပွဲရဲ့ ပါဝင်ပစ္စည်းတွေကို စီစဉ်အသုံးပြုမှုကအစ ဟင်းပွဲအပြင်အဆင်၊ ပန်းကန်ခွက်ယောက် ဆေးကြောမှု၊ လုပ်သား လျှော့ချနိုင်မှု၊ စွမ်းအင်ချွေတာမှုအဆုံး အားသာချက်များစွာ ရှိပါတယ်။

စက်ရုပ်စားဖိုမှူးတွေဟာ ၃ မိနစ်ကို ဟင်းပွဲတစ်ပွဲနှုန်းနဲ့ တစ်နာရီအတွင်း ဟင်းပွဲ ၆၀ အထိ ချက်ပြုတ်နိုင်စွမ်းရှိမယ်လို့ ချန်းကွမ်ဟွာက ဆိုပါတယ်။ ချန်းကွမ်ဟွာဟာ သူ့ရဲ့ စက်ရုပ်စားဖိုမှူး တီထွင်ထုတ်လုပ်ရေးလုပ်ငန်းကနေ စက်ရုပ်စားဖိုမှူး ၃၀၀၀၀ ထုတ်လုပ်ဖို့ရှိပြီး ဟောင်ကောင်အတွက် ဝင်ငွေအဖြစ် ဟောင်ကောင်ဒေါ်လာ ၂ ဘီလျံ ရှာဖွေပေးနိုင်မယ်လို့ မျှော်လင့်လျက် ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...