YouTube ဗီဒီယိုကြည့်ပြီး ခွဲစိတ်မှုလုပ်ခဲ့တဲ့ ဆရာဝန်အတုကြောင့် အိန္ဒိယကလေးငယ် thayဆုံး

International News
YouTube ဗီဒီယိုကြည့်ပြီး ခွဲစိတ်မှုလုပ်ခဲ့တဲ့ ဆရာဝန်အတုကြောင့်
အိန္ဒိယကလေးငယ် thayဆုံး

YouTube ဗီဒီယိုကြည့်ပြီး သည်းခြေကျောက် ခွဲစိတ်မှုလုပ်ခဲ့တဲ့ ဆရာဝန်အတုကြောင့် ၁၅ နှစ်အရွယ် အိန္ဒိယကလေးငယ် thayဆုံးခဲ့ပြီး ဆရာဝန်အတုက ထွက်ပြေးတိမ်းရှောင်လျက် ရှိပါတယ်။ ဘီဟာပြည်နယ်မှာ နေထိုင်တဲ့ ကလေးငယ်ဟာ မကြာခဏ အန်နေတာကြောင့် မိဘတွေက ဂန်ပတီဆေးရုံကို တင်ပို့ခဲ့တာပါ။ ဆေးရုံရောက်ပြီးနောက်မှာ ကလေးငယ်ရဲ့ ရောဂါအခြေအနေ သက်သာသွားပေမဲ့ အဂျစ်ကုမာပူရီလို့ အမည်ရတဲ့ ဆရာဝန်က သည်းခြေကျောက် ခွဲထုတ်ရမယ်လို့ ဆိုပါတယ်။

10 Reasons Why You Need a Primary Care Doctor

ကုမာပူရီဟာ ခွဲစိတ်မှုလုပ်ဖို့ မိသားစုထံမှ ခွင့်ပြုချက်တောင်းခံခဲ့ခြင်းမရှိပါဘူး။ ကလေးငယ်ရဲ့ဖခင်ကို အခန်းပြင် ထွက်ခိုင်းပြီး ခွဲစိတ်မှုလုပ်ခဲ့တာပါ။ ခွဲစိတ်မှုလုပ်နေစဉ်မှာ သည်းခြေကျောက် ဘယ်လိုခွဲရမလဲဆိုတဲ့ YouTube ဗီဒီယိုကို ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။ ခွဲစိတ်မှုလုပ်ပြီးနောက်မှာ ကလေးငယ်ရဲ့အခြေအနေ ဆိုးရွားလာလို့ အခြားဆေးရုံကို လွှဲပြောင်းဖို့ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကလေးငယ်ဟာ လမ်းမှာပဲ ကွယ်လွန်သွားခဲ့ပြီး ကုမာပူရီကတော့ ကလေးရုပ်အလောင်းကို ဆေးရုံလှေကားထစ်မှာ ပစ်ထားပြီး ထွက်ပြေးသွားခဲ့တာပါ။

ခွဲစိတ်မှုလုပ်ပြီးနောက် မေ့ဆေးပြယ်ပြယ်ချင်း ကလေးငယ်က မခံမရပ်နိုင်အောင် နာတယ်လို့ ပြောပေမဲ့ ကုမာပူရီက အရေးမစိုက်ခဲ့သလို မိသားစုက ဝင်ပြောချိန်မှာလည်း ” ခင်ဗျားတို့က ဆရာဝန်လား။ ကျုပ်က ဆရာဝန်လား”ဆိုပြီး ပြန်ပြောခဲ့ပါသေးတယ်။

ကလေးမိဘတွေက ကုမာပူရီကို ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး အာဏာပိုင်တွေက သူ့ကို လိုက်လံရှာဖွေနေပေမဲ့ အခုထိ မတွေ့သေးပါဘူး။ လက်ရှိအခြေအနေတွေအရတော့ ကုမာပူရီက ဆရာဝန်အယောင်ဆောင်ထားသူတစ်ယောက် ဖြစ်မယ်လို့ သံသယရှိနေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ဆရာဝန်အယောင်ဆောင်ပြီး ကုသမှုလုပ်နေတဲ့ ဖြစ်ရပ်မျိုး ယခင်ကလည်း ရှိဖူးပါတယ်။ အခုနှစ်အစောပိုင်းတုန်းကလည်း ဇနီးဖြစ်သူရဲ့ ဆရာဝန်လက်မှတ်ကို အသုံးပြုပြီး ဆေးကုနေတဲ့ ဆရာဝန်အယောင်ဆောင်တစ်ဦးအကြောင်း သတင်းပျံ့နှံ့ခဲ့ဖူးပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...