ဂျပန်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကြီး မြေပြိုမှုများဖြစ်ပေါ်

International News
ဂျပန်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်ပြီး
ရေကြီး မြေပြိုမှုများဖြစ်ပေါ်

ယခုနှစ်အစောပိုင်းက မြေငလျင်ဒဏ်ခံစားခဲ့ရသော ဂျပန်နိုင်ငံအလယ်ပိုင်း၌ ယနေ့ (စက်တင်ဘာ ၂၂ ရက်)တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး လူတစ်ဦး thayဆုံးကာ အနည်းဆုံး ခြောက်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ဇန်နဝါရီလက မြေငလျင်လှုပ်ခတ်ပြီး လူပေါင်း ၃၁၈ ဦး thayဆုံးခဲ့ရသည့် နိုတိုစီရင်စုရှိ အနာမိဇုမြို့တွင် ရွံ့နွံရေများနှင့်ပြည့်နေသောမြစ်များ၌ ရေများပြည့်လျှံနေကြောင်း အေအက်ဖ်ပီ သတင်းထောက်များက ပြောကြားကြသည်။

မကြုံစဖူးမိုးများနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းချက်ထုတ်ခဲ့ပြီး တနင်္ဂနွေနေ့အထိ အရေးပေါ်အခြေအနေကြေညာထားခဲ့ပြီးနောက် ဒေသအာဏာပိုင်များက လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ယမန်နေ့က တိုက်တွန်းခဲ့သည်။

မြေပြိုမှုများကြောင့် လမ်းများပိတ်ဆို့နေရာ ကျယ်ပြန့်သော ရေကြီးရေလျှံမှုများက နေအိမ်များကို ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျူဒ် ငလျင်ဒဏ်ခံခဲ့ရသူများကို ယာယီနေရာချထားပေးသည့် ယာယီအိမ်ယာ ရှစ်ခုလည်း ရေကြီးမှုဒဏ်ကို ခံစားနေရသည်။

ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ အီရှီကာဝါဒေသတွင် ကယ်ဆယ်ရေးလုပ်သားများကို အကူအညီပေးရန် စစ်သားများကို စေလွှတ်ခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ယိုရှီမာဆာဟာယာရှိက သတင်းထောင်များအားပြောကြားသည်။

နေအိမ်ခြောက်ထောင်တွင် လျှပ်စစ်မီးပြတ်တောက်နေကြောင်းနှင့် အရေအတွက် အတိအကျမသိရသော နေအိမ်များတွင် ရေလည်း ပြတ်တောက်နေကြောင်း အီရှီကာဝါဒေသအစိုးရက ပြောကြားသည်။

အစိုးရအဖွဲ့အနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကို အကောင်းဆုံးလုပ်ဆောင်ပြီး လူများ၏ အသက်ကို ကယ်တင်ရေးအား ဦးစားပေးအဖြစ်ထားရှိရန် ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက ပြောကြားခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဟာယာရှိက ပြောကြားပါသည်။
ပူနွေးသောလေထုက မိုးရေများကို ပိုမိုသယ်ဆောင်နိုင်သောကြောင့် လူတို့ပယောဂကြောင့်ဖြစ်လာသည့် ရာသီဥတုပြောင်းလဲမှုတွင် မိုးသည်းထန်ခြင်းက ကြီးမားသော အန္တရာယ်ကို ဖြစ်စေနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားကြသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...