တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု တရုတ် ရှားရှားပါးပါး လူသိရှင်ကြား ထုတ်ဖော်ပြောကြား

International News
တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု တရုတ်
ရှားရှားပါးပါး လူသိရှင်ကြား ထုတ်ဖော်ပြောကြား

ကမ္ဘာ့တိုက်ကြီးတစ်ခုမှ အခြားတိုက်ကြီးတစ်ခုသို့ ကျော်ဖြတ်ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ပစိဖိတ်သမုဒ္ဒရာထဲသို့ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်လိုက်ကြောင်း တရုတ်အစိုးရ က ရှားရှားပါးပါး လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။

ဒုံးပျံထိပ်ဖူးပုံတူ တစ်ခုကို သယ်ဆောင်သွားခဲ့သည့် ယင်းတိုက်ချင်းပစ်ဒုံးကျည် (ICBM)ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးပျံတပ်ဖွဲ့က ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၄ မိနစ်တွင် ပစ်လွှတ်ခဲ့ကာ ရည်မှန်းထားသည့် ရေပြင်နေရာသို့ ကျရောက်သွားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။

ယင်းစမ်းသပ်ပစ်လွှတ်မှုမှာ ၎င်းတို့နှစ်စဉ် ပြုလုပ်နေကျ လေ့ကျင့်မှုတစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းနှင့် မည်သည့်နိုင်ငံကိုမျှ ဦးတည်ထားခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖေါ်ပြသည်။

အဆိုပါပစ်လွှတ်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံများအား ကြိုတင်အသိပေးခဲ့ကြောင်း၊ ပစ်လွှတ်မှုနှင့်အတူ လက်နက်စနစ် ၊ ပစ္စည်းကိရိယာ နှင့် တပ်ဖွဲ့များ၏လေ့ကျင့်မှု အဆင့်အတန်းကို ထိရောက်စွာ စမ်းသပ်နိုင်ခဲ့ပြီး ရည်မှန်းချက်များ ပြည့်မီခဲ့ကြောင်း ရှင်ဟွာက ဆက်လက်ဖော်ပြသည်။

တရုတ်စစ်ဘက် ဒုံးပျံတပ်ဖွဲ့သည် သမားရိုးကျနှင့် နျူကလီးယားဒုံးကျည်များကို စောင့်ကြပ်ကြည့်ရှုရပြီး အမေရိကန်၏ တိုးတက်လာသော ဒုံးကျည်ကာကွယ်ရေး ၊ ပိုမိုကောင်းမွန်သည့် ထောက်လှမ်းရေးစွမ်းရည် နှင့် မဟာမိတ်ဖွဲ့မှု အစရှိသည့် ဖြစ်ပေါ်တိုးတက်မှုများကို တန်ပြန်ရန် တာဝန်ပေးအပ်ခံထားရသော တပ်ဖွဲ့ဖြစ်သည်။

တရုတ်နိုင်ငံသည် နျူကလီးယားထိပ်ဖူး ၅၀၀ ခန့်ကို ပိုင်ဆိုင်ထားကာ ၃၅၀ မှာ တိုက်ချင်းပစ်ဒုံးကျည် (ICBM) များ ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် တရုတ်၏ နျူထိပ်ဖူးအရေအတွက်မှာ ၁၀၀၀ သို့ ရောက်ရှိနိုင်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် က ပြီးခဲ့သည့်နှစ် က ခန့်မှန်းပြောကြားခဲ့သည်။

နျူလက်နက်များကို ပထမဆုံး အသုံးမပြုသည့် မူဝါဒကို ၎င်းတို့ဘက်က လိုက်နာကြောင်း ပေကျင်းက ပြောကြားသည်။

သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သည့် ဗဟိုစစ်ကော်မရှင်သည် နိုင်ငံ၏ တစ်ခုတည်းသော နျူကလီးယားအာဏာပိုင်အဖွဲ့ဖြစ်ကြောင်း တရုတ်စစ်ဘက် က အလေးအနက်ပြောကြားခဲ့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...