အရွယ်အစားကြီးမားသည့် ဂြိုဟ်သိမ်တစ်စင်း စက်တင်ဘာ ၁၇ ရက်တွင် ကမ္ဘာကို အနီးကပ်ဖြတ်ကျော်ပျံသန်းနိုင်ဟု နာဆာအဖွဲ့ တွက်ချက်ထား

International News
အရွယ်အစားကြီးမားသည့် ဂြိုဟ်သိမ်တစ်စင်း စက်တင်ဘာ ၁၇ ရက်တွင်
ကမ္ဘာကို အနီးကပ်ဖြတ်ကျော်ပျံသန်းနိုင်ဟု နာဆာအဖွဲ့ တွက်ချက်ထား

ကမ္ဘာဂြိုဟ်အတွက် တစ်ချိန်ချိန်တွင် အန္တရာယ်ရှိလာနိုင်သော ဂြိုဟ်သိမ်အဖြစ် သတ်မှတ်ထားသည့် ဂြိုဟ်သိမ်တစ်စင်းသည် စက်တင်ဘာ ၁၇ ရက်တွင် ကမ္ဘာမြေကိုအနီးကပ်ဖြတ်ကျော်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

2024 ON အမည်ရှိ အဆိုပါဂြိုဟ်သိမ်သည် စက်တင်ဘာ ၁၇ ရက်တွင် ကမ္ဘာဂြိုဟ်ကို မိုင်ပေါင်း ၆၂၀၀၀၀ အကွာမှ ဖြတ်ကျော်ပျံသန်းနိုင်ကြောင်း အမေရိကန်အမျိုးသား အာကာသအေဂျင်စီ(နာဆာ) သိပ္ပံပညာရှင်များက တွက်ချက်ထားသည်။

2024 ON ဂြိုဟ်သိမ်သည် အရွယ်အစားအားဖြင့် မီတာ ၂၂၀ မှ ၄၈၀ အထိရှိရာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အအုံတစ်လုံးစာမျှ ကြီးမားကြောင်း သိရသည်။

ယင်းဂြိုဟ်သိမ်သည် စက်တင်ဘာ ၁၇ ရက်တွင် ကမ္ဘာမြေကို တစ်နာရီလျှင် ၁၉၆၈၅ မိုင် သို့မဟုတ် တစ်စက္ကန့်လျှင် ၈ ဒသမ ၈ ကီလိုမီတာအမြန်နှုန်းဖြင့် ကျော်ဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်သိမ်သည် လက်ရှိတွင် ကမ္ဘာဂြိုဟ်အတွက် အန္တရာယ်မရှိသော်လည်း တစ်ချိန်ချိန်တွင် အန္တရာယ်ရှိလာနိုင်သော ဂြိုဟ်သိမ်တစ်စင်းအဖြစ် နာဆာအဖွဲ့က သတ်မှတ်ထားသည်။

နာဆာအဖွဲ့သည် အရွယ်အစားအားဖြင့် အချင်းမီတာ ၁၄၀ အထက်ရှိပြီး ကမ္ဘာဂြိုဟ်နှင့် မိုင်လေးသန်းကျော် အကွာအဝေးတွင်ရှိသော ဂြိုဟ်သိမ်မှန်သမျှကို ကမ္ဘာဂြိုဟ်အတွက် အန္တရာယ်ရှိလာနိုင်သော ဂြိုဟ်သိမ်များအဖြစ် သတ်မှတ်ထားသည်။ 2024 ON ဂြိုဟ်သိမ်ကမ္ဘာမြေကို အနီးကပ်ဖြတ်သန်းချိန်တွင် ကမ္ဘာပေါ်မှတစ်ဆင့် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်မည်မဟုတ်ကြောင်း နာဆာသိပ္ပံပညာရှင်များက ပြောကြားထားသည်။


ဂြိုဟ်သိမ်များသည် နေအဖွဲ့အစည်း စတင်ပေါ်ထွက်ခါစကာလက အာကာသဒြပ်ထည်ကြီးများ တစ်ခုနှင့်တစ်ခု ဝင်တိုက်ရာမှ ကြွင်းကျန်ရစ်ခဲ့သော ဧရာမကျောက်သားပိုင်းကြီးများ ဖြစ်ကြသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...