မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

Health Knowledge
မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံကို အတူတူကြည့်လိုက်ရအောင်နော်။
မန်ကျည်းပင် အခေါက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။ မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ က

ဝမ်းဗိုက်ပြဿနာ ကင်းစေတယ်

မန်ကျည်းခေါက်လေးကို ဗိုက်ထဲက စူးပြီးအောင့်တာ၊ လေထိုးလေအောင့်တာ၊ အစာမကြေတာ၊ အော့အန်တာ၊ ခံတွင်းပျက်တာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာတွေကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။
ဝမ်းဗိုက်ပြဿနာ ကင်းစေဖို့ဆိုရင် မန်ကျည်းခေါက်လေးကို ပျားရည်နဲ့ တွဲဖက် အသုံးပြုပေးလို့ ရပါတယ်။

မျက်စိနာတာကို သက်သာစေတယ်

မျက်စိနာတဲ့အခါ ရေစင်အောင်ဆေးထားတဲ့ မန်ကျည်းခေါက် (အထူးသဖြင့် မန်ကျည်း အနီခေါက်) ကို ကျောက်ပျဉ်မှာ သွေးပြီး မျက်လုံးတဝိုက်ကို ကွင်းလူးပေးပါ။

မိတ်ဖု၊ ယားနာ သက်သာစေတယ်

အရေပြားပေါ်က မိတ်ဖုတွေကို သက်သာစေဖို့ဆိုရင် မန်ကျည်းခေါက်ကို ရေကျဲကျဲလေး သွေးပြီး လမ်းပေးလို့ ရပါတယ်။ အရေပြားပေါ်က ယားယံတဲ့ အဖုအပိမ့်တွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ထိခိုက်ဒဏ်ရာတွေ ရတဲ့အခါ ပိုးမဝင်စေဖို့လည်း သေချာ သန့်စင်ထားတဲ့ မန်ကျည်းခေါက်ကို ပြုတ်လို့ ရတဲ့ အရည်နဲ့ ဆေးကြောပေးလို့ ရပါတယ်။ ပုရွက်ဆိတ်၊ ခါချဉ်ကိုက်တဲ့ နေရာတွေကို သက်သာစေဖို့လည် မန်ကျည်းခေါက် သွေးလူးပေးလို့ ရပါတယ်။

ဆီးပြဿနာ သက်သာစေတယ်

ဆီးမသွားတာ၊ ဆီးအောင့်တာ၊ ဆီးကျဉ်တာတွေကို သက်သာစေဖို့အတွက်လည်း မန်ကျည်းခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။

သွေး​ကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာကို သက်သာစေတယ်

သွေး မသန့်တာ​ကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ၊ အရေပြား ဓာတ်မတည့်မှုတွေကို သက်သာစေဖို့အတွက်လည်း မန်ကျည်းခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဝက်ခြံ သက်သာစေတယ်

မန်ကျည်းခေါက်ကို သွေးပြီး လိမ်းပေးတာက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားပေါ်က ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းခေါက်ရဲ့ နောက်ထပ်အာနိသင် တစ်ခုက အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တာပါ။

ဘေးထွက်ဆိုးကျိုးများ

မန်ကျည်းခေါက်က အလွန်အကျွံ စားသုံးရင် လေချုပ်စေနိုင်ပါတယ်။ အရေပြားမှာ တိုက်ရိုက်လိမ်းကျံ အသုံးပြုတာကြောင့်တော့ ထိခိုက်စေတာမျိုး မရှိပါဘူး။

ဘာတွေ သတိထားရမလဲ

မန်ကျည်းခေါက်လေးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဘေဘီလေးတွေ၊ ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

ဒါ့ပြင် ဒီအချက်တွေက ဗဟုသုတအတွက် မျှဝေထားတာသာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာခံစားနေရတဲ့ ဝေဒနာတွေက မသက်သာဘူးဆိုရင်တော့ အချိန်ဆွဲမနေဘဲ တတ်ကျွမ်းသူများနဲ့သာ ပြသပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...