မြန်မာပြည်မှာ ခါ-းပို-က်နှို-က် အပေါဆုံး YBS 53 မီနီဘတ်စ်ပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ

Knowledge Local News
မြန်မာပြည်မှာ ခါ-းပို-က်နှို-က် အပေါဆုံး YBS 53 မီနီဘတ်စ်ပေါ်မှာ
ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ

(စီးသူတိုင်း အချိန်မရွေး ပါသွားနိုင်ပါတယ်)

သတိ လှိုင်သာယာ ရုံးရှေ့မှ ရွှေလင်ဗန်းသို့ဆွဲတဲ့ကား၊ 53 မီနီဘတ်စ်၊ ရုံးရှေ့ မှာ လူတင်တုန်း ချောင်လို့တက်စီးပြီးကာမှ အဲဒီခါး သမားတွေ တက်လာတာမသိလိုက်ဘူး။ (သိမှတော့ ဘယ်တက်မလဲလေ) အိတ်ကို အရှေ့မှာပိုက်လွယ်ပြီး စီးလာတာ ၂ မှတ်တိုင်မြောက်ကျတော့ အမေဖုန်းခေါ်လို့ ကိုင်မိပြီး အရှေ့ဆုံးအိတ်ထဲ ထည့်မိလိုက်တာ။ အဲဒီနောက် ဗို-က်-ကြီး-သည် အမျိူးသမီး တက်လာတော့ သူ့ကိုနေရာရှောင်ပေးရင်း အပေါက်၀နား ကိုယ်ကရပ်မိလျက်သားဖြစ်သွားပါလေရော။

၄ မှတ်တိုင်မြောက် ရောက်ခါနီး အိတ်ကို ကိုင်မိတော့ အိတ်ကပွင့်နေပြီ။ကားစပါယ်ယာက အဲဒီကောင်လေးတွေ ၁၅ ဈေး ဆင်းသွားတယ်တဲ့။ ကားကို ချက်ချင်းရပ်ခိုင်းဆင်းပြီး နီးရာဆိုင်မှာ အကူတောင်းပြီးဖုန်းဆက်ကြည့်တော့ စက်ကပိတ်သွားပြီ။ လွန်ခဲ့သော ၂ နှစ်ကျော်ကလည်း အဲဒီကားပေါ်ပဲ ဆင်းခါနီးအိတ်ကို ဆောင့်ဆွဲလုသွားတာ လူပါပြုတ်ကျခါနီးဖြစ်ခဲ့ရတယ်။

အဲဒီလိုင်းက ယာဉ်မောင်း ယာဉ်အကူများ သိသိရက်နဲ့ပေးလုပ်စားနေကြတာများ ထင်မိတယ်။ အပြောများကြတယ်။ ၅ မှတ်တိုင်လောက် ကားစီးရတဲ့ခရီးကို ဆိုင်ကယ်ဘေးတွဲ ၁၅၀၀ ကို ပေးစီးနေကျပါ။ ကားချောင်လို့ချွေတာပြီး စီးမိပါတယ်။ ဖုန်းပါအရှုံး (A Nyein)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...