ကမ္ဘာကျော် recycling logo ကို ဖန်တီးခဲ့တဲ့ ဒီဇိုင်နာ

Knowledge
ကမ္ဘာကျော် recycling logo ကို ဖန်တီးခဲ့တဲ့ ဒီဇိုင်နာ

ကမ္ဘာ့လူသိအများဆုံးလိုဂိုတွေထဲမှာ recycling logo ( ပြန်လည်အသုံးပြုခြင်းအမှတ်အသား)လည်း ပါဝင်ပါတယ်။ ဒီလိုဂိုက လူသိများပေမဲ့ ဖန်တီးခဲ့သူကိုတော့ သိပ်မသိကြပါဘူး။ ဒီလိုဂိုကို ဖန်တီးခဲ့သူကတော့ အမေရိကန်ဂရက်ဖစ်ဒီဇိုင်နာ၊ ဗိသုကာသမား ဂယ်ရီဒိန်းအန်ဒါဆင်ပါပဲ။

ဟာဝိုင်အီကျွန်းမှာ မွေးဖွားခဲ့တဲ့ အန်ဒါဆင်ဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့တာဝန်ကျရာကို ပြောင်းရွှေ့နေထိုင်ခဲ့ရသူဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဗိသုကာကျောင်းကနေ ဘွဲ့ရခဲ့သူပါ။ သူဟာ မြို့ပြအစီအစဉ် ရေးဆွဲမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ အရေးပါတဲ့ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အန်ဒါဆင် ဖန်တီးခဲ့တဲ့ recycling logo ဟာ Coca-Cola နဲ့ Nike တို့လို တစ်ကမ္ဘာလုံးသိတဲ့ အမှတ်အသားတစ်ခုဖြစ်ပေမဲ့ ဗြိတိန်နိုင်ငံအပါအဝင် တချို့နိုင်ငံတွေမှာတော့ ဒီလိုဂိုကို သုံးစွဲဖို့အတွက် အစိုးရထံကနေ ခွင့်ပြုချက်တောင်းခံရတာမျိုး ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...