ရေဆက်ကြီးလာနိုင်မယ့်ဒေသတွေအတွက် လုပ်ရမယ့် အရေးပေါ် ကြိုတင်ပြင်ဆင်မှုများ

Knowledge
ရေဆက်ကြီးလာနိုင်မယ့်ဒေသတွေအတွက် လုပ်ရမယ့်
အရေးပေါ် ကြိုတင်ပြင်ဆင်မှုများ

တစ်ဦးချင်းအနေနဲ့ အရေးပေါ် Emergency Kit တွေထဲမှာဘာတွေထည့်ထားရမလဲ
ရေဘေးဖြစ်လာနိုင်တဲ့ဒေသတွေမှာ အရေးပေါ်ကြိုတင်ပြင်ဆင်ထားဖို့အတွက် တစ်ဦးချင်းလိုအပ်မယ့် ပစ္စည်းလေးတွေပါ။ အောက်မှာ တစ်ခုချင်းပြောပြပေးထားပါတယ်။

ရေသန့်ဘူး

ရေသန့်ကို တနိုင်သယ်ထားပါ။ 2 ဘူး ဒါမှမဟုတ် 3 ဘူးလောက်ထည့်ထားလို့ရပါတယ်။

အစာခြောက်

ကယ်ဆယ်ရေးတွေ မရောက်လာခင် အဆာခံနိုင်ဖို့ ပေါ့ပြီး အစားခံမယ့် အစာခြောက်တွေထည့်ထားသင့်ပါတယ်။
[အသီးခြောက်၊ အစေ့အဆံ၊ ပေါင်မုန့်ခြောက်.]

ကျန်းမာရေးအတွက် First aid kit

အနာတရဖြစ်တဲ့အခါ၊ အအေးမိပြီး ဖျားတဲ့အခါတွေအတွက် တနိုင်တပိုင်လေး သယ်ထားရပါမယ်။
[ပတ်တီး၊ ဘီတာဒင်း၊ အရက်ပျံ၊ ပါရာစီတမော၊ ဟန်နီးပလာစတာ၊ ဒီကိုဂျင်]

Flashlight

ညအချိန်အတွက်လိုကိုလိုပါတယ်။ သတိတရထည့်ထားပါ။ မြွေအန္တရာယ်အတွက်သာမက အချက်ပြဖို့အတွက် လည်း အသုံးဝင်ပါတယ်။
[ဓာတ်မီး၊ ဖုန်းမီး၊ power bank၊ phone bill]

Whistle

အရေးပေါ်အခြေအနေမှာ အကူအညီတောင်းဖို့/ အချက်ပြဖို့ အတွက် ထည့်ထားသင့်ပါတယ်။ တချို့ကယ်ဆယ်ရေးတွေလာပေမဲ့ ရှာမတွေ့တဲ့လို့ ပြန်လှည့်သွားရတာမျိုးတွေရှိပါတယ်။ အဲ့ဒါကြောင့် မိမိရှိနေကြောင်း အော်မပြောနိုင်တဲ့အကွာအဝေးမှာရောက်နေတယ်ဆိုရင် ဝီစီအသံနဲ့ အချက်ပြအကူအညီတောင်းနိုင်ပါတယ်။ လိုအပ်တဲ့အတွက် သေချာလေးဝယ်ပြီးထည့်ထားပါ။

Important Documents

မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ စာချုပ်စာတမ်း၊ အရေးကြီးစာရွက်စာတမ်း၊ငွေသား၊ တွေကို ရေစိုခံအိတ်ထဲမှာ တစုတစည်းထဲထည့်ထားပါ။ ဒါမှမဟုတ် ပုံထဲကလို ရေဘူးထဲထည့်ထားလို့ရပါတယ်။

အဝတ်အစား

အဝတ်အစားကတော့ ထည့်ထားတာထက် ရေတက်လာတာနဲ့ ကိုယ်ပေါ်မှာ ဝတ်ဆင်ထားသင့်ပါတယ်။
အအေးဒဏ်ကို ခံနိုင်မယ့် [Waterproof Jacket/ ဘွတ်ဖိနပ်အရှည်၊ ရော်ဘာလက်အိတ်]

ကိရိယာ

ဓားနဲ့ ကြိုး ကတော့မဖြစ်မနေထည့်ထားပါ။
[ဓား၊ ကြိုး၊ အိတ်၊ ပလတ်စတစ်အခင်းနှင့် အကာ]

Hygiene items

အရမ်းအရေးကြီးတယ်လို့မဆိုလိုပါဘူး ထည့်ထားမယ်ဆိုရင်လည်း သန့်ရှင်းမှုအတွက်သုံးလို့ရပါတယ်။ တကယ်လို့မလိုဘူးထင်ရင် ဒီ အချက်ကိုတော့ မထည့်ဘဲ ကျော်လို့ရပါတယ်။
[ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အမျိုးသမီးသုံးပစ္စည်း၊ လက်သန့်ဆေး ]

For babies and petsကလေးသူငယ်ရှိတဲ့ မိဘတွေဆိုရင်

Diapers နဲ့ အဝတ်အစားအပိုလေးတွေပါ ထည့်ထားသင့်ပါတယ်။
ဒီလောက်ဆိုရင် တကိုယ်စာ Emergency kit အတွက်လုံလောက်ပါပြီ။ သယ်ရပြုရလွယ်အောင် အများကြီး လျှော့ပေးထားတာမလို့ ဒီပစ္စည်းတွေကိုတော့ မမေ့မလျော့ထည့်ထားကြပါ။ ကျန်တာ ဘာမှမသယ်ပါနဲ့။ တက်ရပြုရလွယ်အောင် ကျောပိုးအိတ်တစ်လုံးစီစုထည့်ထားပါ။ ရေဘေးဖြစ်လာနိုင်တဲ့နေရာထဲမှာ ပါနေတယ်ဆိုရင် အခုတည်းက ပြင်ဆင်ထားဖို့ ပြောချင်ပါတယ်။ အောက်မှာ လိုအပ်တဲ့ ပစ္စည်းတွေရဲ့ပုံတွေထည့်ပေးထားပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...