C/2023 A3 ကြယ်တံခွန်ကို သာမန်မျက်စိဖြင့် လေးရက်ကြာ တွေ့မြင်နိုင်

International News Knowledge
C/2023 A3 ကြယ်တံခွန်ကို သာမန်မျက်စိဖြင့် လေးရက်ကြာ တွေ့မြင်နိုင်

လူသားများအနေဖြင့် တစ်သက်တွင်တစ်ကြိမ်သာ တွေ့ခွင့်ရှိမည့် C/2023 A3 အမည်ရှိ ကြယ်တံခွန်သည် ကမ္ဘာမြေကိုအနီးကပ် စတင်ဖြတ်သန်းနေပြီဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။

C/2023 A3 ကြယ်တံခွန်ကို စက်တင်ဘာ ၂၇ ရက်မှစ၍ အောက်တိုဘာ ၁ ရက်အထိ ကမ္ဘာမြေပေါ်မှတစ်ဆင့် လေးရက်တိုင်တိုင် သာမန်မျက်စိဖြင့် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားအာကာသအေဂျင်စီ (နာဆာ)သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားထားသည်။

C/2023 A3 ကြယ်တံခွန်ကို ကမ္ဘာ့တောင်ယာဉ်စွန်းတန်းနှင့် မြောက်ယာဉ်စွန်းတန်းနှစ်နေရာစလုံးမှတစ်ဆင့် နံနက် အရုဏ်တက်ချိန်မတိုင်မီ သာမန်မျက်စိဖြင့် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

C/2023 A3 ကြယ်တံခွန်သည် စက်တင်ဘာ ၂၇ ရက်တွင် နေ၌ အနီးဆုံးအမှတ် (Perihelion)သို့ ရောက်ရှိခဲ့ရာ ယင်းကာလအတွင်း ကမ္ဘာ့သူကမ္ဘာသားများအနေဖြင့် ထိုကြယ်တံခွန်ကို အလင်းအားအကောင်းဆုံးအဆင့်ဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။


C/2023 A3 ကြယ်တံခွန်ကို အရုဏ်မတက်မီ မိနစ် ၄၀ ခန့်အလိုတွင်အကောင်းဆုံးမြင်တွေ့နိုင်မည်ဖြစ်ကြောင်း နာဆာတာဝန်ရှိသူများက ပြောကြားသည်။
C/2023 A3 ကြယ်တံခွန်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀၀၀ က ကမ္ဘာမြေကို အနီးကပ်ဖြတ်ကျော်ပျံသန်းဖူးသည်။

C/2023 A3 ကြယ်တံခွန် ကမ္ဘာဂြိုဟ်ကို နောက်ဆုံးတစ်ကြိမ် ဖြတ်သန်းခဲ့ချိန်သည် အာဖရိကတိုက်မှ ပထမဆုံးရှေးလူများ အာဖရိကပြင်ပသို့ စတင်ထွက်ခွာချိန်ဖြစ်ကြောင်း နာဆာသိပ္ပံပညာရှင်များက ပြောကြားသည်။

ကမ္ဘာသူကမ္ဘာသားများအနေဖြင့် C/2023 A3 ကြယ်တံခွန်ကို စောင့်ကြည့်ရာတွင် အဝေးကြည့်မှန်ပြောင်းများနှင့် အသေးစားတယ်လီစကုပ်များ အသုံးပြုခဲ့ပါက ကြယ်တံခွန်၏ ဖွဲ့စည်းပုံနှင့် အမြီးတန်းတို့ကို ပို၍ အသေးစိတ်ကျကျ တွေ့မြင်နိုင်မည်ဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...