လ ၂ စင်း ဖြစ်ပေါ်လာရခြင်းရဲ့ နောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်းများ

International News Knowledge
လ ၂ စင်း ဖြစ်ပေါ်လာရခြင်းရဲ့ နောက်ကွယ်က
လူတွေ မသိသေးတဲ့ အကြောင်းရင်းများ

လ ၂ စင်း အကြောင်း မေးထားသမျှ၊ ကမ္ဘာမှာ အရွယ်အစားကြီးမားတဲ့ (ကမ္ဘာ့ရဲ့ ၆ ပုံ ၁ ပုံခန့်) ရှိတဲ့ လ တစ်စင်းသာရှိပါတယ်။ ကမ္ဘာစတင်ဖြစ်တည်ခဲ့တဲ့ လွန်ခဲ့သော နှစ်ပေါင်း ၄.၅ ဘီလီယံကတည်းက အတူတကွ တည်ရှိနေခဲ့တဲ့ (တည်ရှိနေဆဲ) ဂြိုဟ်ရံလ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်များ လေ့လာသုံးသပ်ချက်များအရ လ ဟာ ကမ္ဘာဖြစ်တည်ပြီး နှစ်ပေါင်း သန်း ၁၀၀ ဝန်းကျင်မှာ ကမ္ဘာနဲ့ ဂြိုဟ်သိမ်တစ်ခုတို့ ဝင်တိုက်မိခဲ့ရာက လွင့်စင်သွားတဲ့ အစိတ်အပိုင်းတွေ စုစည်းပြီး ဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။ မည်သို့ပင်ဆိုစေ ကျနော်တို့ လ ဟာ နှစ်ပရိစ္ဆေဒပေါင်းများစွာ ကမ္ဘာနဲ့ တည်ရှိနေခဲ့တာပါ။ လ လို့ ခေါ်ထိုက်ပါတယ်။

နေအဖွဲ့အစည်းဟာ သိပ်ကို ထူးဆန်းပါတယ်။ နေကို ဗဟိုပြုပြီး လှည့်ပတ်နေတဲ့ ကျနော်တို့နေထိုင်ရာ ကမ္ဘာဂြိုဟ်အပါအဝင် ကျောက်ဆိုင်ကျောက်သားများဖြင့် ဖွဲ့စည်းထားတဲ့ မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ်စ် (သောကြာဂြိုဟ်) နဲ့ မားစ် (အင်္ဂါဂြိုဟ်) တို့ကို အတွင်းဂြိုဟ်များ (Inner Planets) လို့ သတ်မှတ်ခေါ်ဆိုပြီး ဓာတ်ငွေ့ဂြိုဟ်များဖြစ်တဲ့ ဂျူပီတာ (ကြာသပတေးဂြိုဟ်)၊ စေတန် (စနေဂြိုဟ်)၊ ယူရေးနပ်စ် နဲ့ နက်ပကျွန်းဂြိုဟ်များကိုတော့ အပြင်ဂြိုဟ်များ (Outer Planets) လို့ သတ်မှတ်ပါတယ်။ သူတို့ ၂ မျိုးကို ပိုင်းခြားထားတာကတော့ ဂြိုဟ်သိမ် ဂြိုဟ်မွှားများ သန်းနဲ့ချီ ပြည့်နက်နေတဲ့ ခါးပတ်ကွင်း (Asteroid Belt) တစ်ခုပဲဖြစ်ပါတယ်။

ကမ္ဘာအပါအဝင် အတွင်းဂြိုဟ်များဟာ အဆိုပါ ခါးပတ်ကွင်းမှ လွင့်စင်လာတဲ့ ဂြိုဟ်ပဲ့ ဂြိုဟ်မွှားများဒဏ်ကို အလူးအလဲ ခံခဲ့ကြရပါတယ်။ အရွယ်အစားမတူတဲ့ ဂြိုဟ်ပဲ့များဟာ တခါတရံမှာ ကမ္ဘာအနားမှ ဖြတ်သန်းသွားပြီး၊ တခါတရံမှာ ကမ္ဘာ (သို့) လ ပေါ်သို့လည်း ကျရောက်သွားတတ်ပါတယ်။ တချိန်က ကမ္ဘာပေါ်မှာ ကြီးစိုးခဲ့တဲ့ ဒိုင်နိုဆောများ မျိုးသုဉ်းသည်အထိ ပြင်းထန်ခဲ့တဲ့ ဥက္ကာခဲဟာလည်း ဒီခါးပတ်ကွင်းနေရာနားကပဲ လာခဲ့တာဖြစ်ပါတယ်။

တခါတခါကျပြန်တော့ အရွယ်အစား သေးငယ်တဲ့ ဂြိုဟ်ပဲ့လေးများဟာ ခါးပတ်ကွင်းမှ လွင့်စင်လာပြီး ကမ္ဘာ့ဆွဲငင်အားရှိတဲ့ နေရာနားမှာ အချိန်အနည်းငယ်မှ အချိန်ကြာကြာ ရှိနေတတ်ပြီး နေဘက် (သို့) ဂြိုဟ်ခါးပတ်ကွင်းဘက် ပြန်လည် လွင့်စင်သွားတတ်ပါတယ်။ နည်းပညာတိုးတက်မြင့်မားလာတဲ့ ယနေ့ခေတ်လို ရောက်မှ အဆိုပါ ဂြိုဟ်မွှားလေးတွေ နီးကပ်လာတာကို တယ်လီစကုတ်များဖြင့် မြင်တွေ့ကြရခြင်း ဖြစ်ပါတယ်။ Minimoon (လငယ်လေး) များလို့ သတ်မှတ်ခေါ်ဆိုကြပေမဲ့ တကယ့်လ အစစ်မဟုတ်ပါဘူး။

ယခု ရောက်ရှိနေတဲ့ အရွယ်အစားသေးငယ်တဲ့ ဂြိုဟ်ပဲ့လိုမျိုး နီးကပ်လာခြင်းကိုအချိန်ပေါင်းများစွာမှာ ကမ္ဘာကြီးက ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ နောက်လည်း ကြုံတွေ့ရနိုင်ဖို့ ရှိပါတယ်။ ကမ္ဘာကို ဝင်တိုက်နိုင်ချေရှိတဲ့ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များကိုတော့ လေ့လာစူးစမ်းမှုများ ပြုလုပ်လျက်ရှိပြီး လမ်းကြောင်းလွှဲခြင်း၊ ချေဖျက်ခြင်းများ ပြုလုပ်နိုင်နေပါပြီ။ သေချာတာတစ်ခုကတော့ ယနေ့ကမ္ဘာဟာ ပြင်ပဂြိုဟ်သိမ်ဂြိုဟ်မွှားများ ဝင်တိုက်ခြင်းကြောင့် ပျက်စီးခြင်းထက် လူသားတို့ ပြုမူ နေထိုင်ခြင်းများကြောင့်သာ ပူနွေးဆူဝေ ပျက်စီးဖို့ ပိုဖြစ်နိုင်ပါကြောင်း ရေးသားလိုက်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...