“လွယ်ကူ မြန်ဆန်တဲ့ ကြွက်ပြေးနည်း”
အိမ်မှာ အခုတလော ကြွက်ပေါလို့ တအားကိုစိတ်ညစ်နေရပါတယ်.. ဒါပေမဲ့ ဒီနည်းလေးတွေ့လို့ လုပ်ကြည့်တာ အခုရက်ထဲ ပြန်ငြိမ်နေလို့ စမ်းကြည့်လို့ရအောင် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်..။
(၁) ငရုပ်ကောင်းစေ့ / ငရုပ်ကောင်းမှုန့်
(၂) ငရုတ်သီးအစပ်မှုန့်
(၃) ရှာလကာရည် တို့ပဲဖြစ်ပါတယ်။
ပထမဆုံး ငရုပ်ကောင်းစေ့ကိုထောင်း ခွက်တခုထဲထည့်ပါ.. ငရုတ်သီးအစပ်မှုန့် အနည်းငယ်ထည့်ပါ.. ရှာလကာရည်လေး သင့်တော်သလိုထည့်ပြီး မွှေပေးပါ.. ပြီးပါက ဂွမ်း (သို့မဟုတ်) အဝတ်စမှာ စွတ်ပြီး ကြွက် သွားရာ လမ်းကြောင်းလေးတွေမှာ ချထားရုံနဲ့ နောက်ရက် အဲနေရာတွေကို ကြွက်မလာတာ တွေ့ရတယ်။
အဲလိုတခါလုပ်ထားရင် ၅ ရက်လောက်ထိ အဲ့အနံကြောင့် ကြွက်မလာဘူး။ ၅ ရက်တစ်ခါ ပြန်လုပ် ပြန်ချနဲ့ ၃ ကြိမ်လောက်လုပ်ပြီးရင် ကြွက်က အဲ့ဒီလမ်းကို နောက်မလာတော့ဘူးလို့ သိရပါတယ်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။