တိုင်းနှင့်ပြည်နယ်တချို့၌ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်

Local News
တိုင်းနှင့်ပြည်နယ်တချို့၌ လေပြင်းတိုက်ခတ်ခြင်းနှင့်
မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်

မိုးတိမ်တောင်များရွေ့လျားရာ တိုင်းနှင့်ပြည်နယ်တချို့၌ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့(စက်တင်ဘာ ၃၀ ရက်) ထုတ်ပြန်ချက်အရသိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေကြောင်း သိရသည်။

အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးလေဝသဖြစ်စဉ်များဖြစ်သည့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

ထို့ပြင် မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း ယနေ့(စက်တင်ဘာ ၃၀ ရက်) ည ၁၀ နာရီမှ ၄၈ နာရီအတွင်းဖြစ်ပေါ်နိုင်သည့် မိုးရေချိန်ခန့်မှန်းချက်များနှင့်ပတ်သက်ပြီး “စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ပြီးခဲ့တဲ့ခန့်မှန်းချက်ထက် မိုးပိုများနိုင်လာတာကိုတွေ့ရပါတယ်။ ရေကြီးနိုင်တဲ့အန္တရာယ်အပြင် တောင်ကျချောင်းရေနဲ့ တောင်ပြိုမြေပြိုဖြစ်နိုင်မယ့် Risk တွေ ပိုများလာနိုင်ပါမယ်။ ကျန်ပြည်နယ်တိုင်းတွေမှာလည်း မိုးရွာနိုင်ချေက အရင်ခန့်မှန်းချက်ထက် အနည်းငယ်ပိုနိုင်ပါမယ်” ဟု လူမှုကွန်ရက် စာမျက်နှာတွင်အသိပေးရေးသားထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...