ရေဘေးသင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ တစ်ပတ်လုံး မိုးဆက်ရွာမယ်လို့ မိုးဇလ ထုတ်ပြန်

Knowledge Local News
ရေဘေးသင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ တစ်ပတ်လုံး
မိုးဆက်ရွာမယ်လို့ မိုးဇလ ထုတ်ပြန်

ရေဘေးသင့်ဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ လာမယ့် သီတင်းပတ်အတွင်း မိုးဆက်ရွာမယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာန က စက်တင်ဘာ ၂၁ နေ့လယ်ပိုင်း က ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်၊ ကရင် နဲ့ မွန်ပြည် နယ်တို့မှာ ၇ ရက် ကနေ ၉ ရက်အထိ မိုးရွာမယ်လို့လည်း မိုးဇလ က ပြောပါတယ်။

ဒါအပြင် စစ်ကိုင်း၊ မန္တလေး၊ မကွေး ၊ ကချင်၊ ရှမ်းမြောက်နဲ့အရှေ့ပိုင်း အပါအဝင် ချင်းနဲ့ကယား ပြည်နယ် တွေမှာ မိုးရွာရက် ၄ ရက် ကနေ ၆ ရက် အထိရှိနိုင်တယ်လို့လည်း မိုးဇလဌာန က ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်ရေ ဟာ တောင်ငူနဲ့မဒေါက်မြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေတယ် လို့လည်း မိုးဇလ က ဆိုပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...