ထိုင်း၊ အယုဒ္ဓယက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာ ၂၇၀ ကျော်ဖမ်းဆီးခံရ

Local News
ထိုင်း၊ အယုဒ္ဓယက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ
မြန်မာ ၂၇၀ ကျော်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအလုပ်သမား ၂၇၀ ကျော် ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။

မနေ့ စက်တင်ဘာလ ၂၄ ရက် က အူထိုင်းဒေသ မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ထိုင်းရဲတပ်ဖွဲ့ အပါအဝင်အဖွဲ့စုံက ကွင်းဆင်းစစ်ဆေးမှုတွေလုပ်ချိန်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၇၂ ဦးကိုဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။

အခုဖမ်းဆီးခံရသူတွေဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ကို နယ်စပ်ကနေတရားမဝင်ဖြတ်ကျော် ဝင်ရောက်ခဲ့တာဖြစ်ပြီး အလုပ်အတွက်တစ်ဦးကို ပွဲစားခနဲ့ ခရီးစရိတ် စုစုပေါင်း ဘတ်ငွေ ၂၀,၀၀၀ ပေးခဲ့ရတယ်လို့ အခုလုပ်ငန်းခွင်မှာ ဖမ်းဆီးခံမြန်မာလုပ်သားတွေအနေနဲ့ ကျွမ်းကျင်မှုအလိုက် တစ်ရက်လုပ်အားခ ဘတ် ၅၀၀ ကနေ ၆၀၀ အထိ ရရှိကြတယ်လို့ ဖြေကြားကြပြီး နိုင်ငံတွင်းက တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ရတဲ့နည်းလမ်းနဲ့ အလုပ်လာလုပ်ကြတာလို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ဖမ်းဆီးခံရသူတွေကို အူထိုင်းရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေအရ အရေးယူမှာဖြစ်သလို နေရပ်ပြန်ပို့ဖို့ လုပ်မယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။ ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ မြန်မာလုပ်သား ၁ သိန်း ၆ သောင်းနီးပါးဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...