ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်ခဲ့လို့ ကုလပြော

Local News
ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်ခဲ့လို့ ကုလပြော

တိုင်ဖွန်းရာဂီကြောင့် နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ၆၃၁,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဒါအပြင် သတင်းအချက်အလက်တွေ အတည်ပြုနိုင်ဖို့ အခက်အခဲတွေရှိနေပေမဲ့ လူရာနဲ့ချီ သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့လည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး UNOCHA က ပြောထားပါတယ်။

နေပြည်တော်၊ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ အပါအဝင် တိုင်းနဲ့ပြည်နယ် ၅၉ မြို့နယ် ကို ထိခိုက်ခဲ့တယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။ အခုအချိန်အထိ နေရာအများစုမှာ ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းတာနဲ့ အရေးပေါ် အကူအညီပေးတာတွေလုပ်နေတယ်လို့လည်း UNOCHA ကပြောပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတဝန်း ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦးရှိနေပြီး ၇၇ ဦးပျောက်ဆုံးနေတယ် လို့ စက်တင်ဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအပါအဝင် မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီးခဲ့ ပြီး လူနေအိမ် ၂,၁၁၆ လုံး ပျက်စီးခဲ့သလို ရေနှစ်မြုပ်တဲ့အိမ်ခြေ ၁ သိန်းခွဲကျော် ရှိတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...