လာမယ့် ၁၇၊ ၁၈၊ ၁၉ ရက်နေ့အတွက် ရန်ကုန်မြို့ ရေကြီးမှု သတိပေးချက်

Local News
လာမယ့် ၁၇၊ ၁၈၊ ၁၉ ရက်နေ့အတွက် ရန်ကုန်မြို့ ရေကြီးမှု သတိပေးချက်

၁၇၊ ၁၈၊ ၁၉ ရက်နေ့တွေမှာ ထူးကဲဒီရေတက်ပါမယ်။ ပင်လယ်ထဲမှာ ၂၃ ပေ နီးပါး မြင့်ပါတယ်။ ပုံမှန် ဒီရေက ၁၅ ပေ ကနေ ၁၈ ပေကြား တက်ပါတယ်။ ရန်ကုန်မြစ် နဲ့ ငမိုးရိပ်ချောင်းထဲ ပင်လယ်ကနေ ဒီရေကြောင့် ပြန်ဝင်လာမယ့် ရေပမာဏ က ပုံမှန်ထက် ၅ ပေပိုမယ် ဆိုတဲ့သဘောပါ။ အဲ့လိုအချိန်မှာ မိုးရွာရင် လမ်းပေါ်ကရေက မြောင်းထဲမစီးပဲ အီခံနေပါတယ်။ အဲ့လိုရက်မှာ မိုးကြီးရင်တော့ ရန်ကုန်တမြို့လုံး ဒုက္ခရောက်ကြတာပေါ့။

မြန်မာပြည်အလယ်ပိုင်းကရေတွေလည်း ပင်လယ်ဆီကို မရောက်ခင် မြစ်ဝမှာ အီခံပြီး စစ်တောင်းမြစ်ဝကျွန်း တဝိုက် ရေများ လာပါမယ်။ ရန်ကုန်အနေနဲ့ကြည့်ရင် ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဒလ၊ ဆူးလေတဝိုက်၊ ကုန်သည်၊ ဗိုလ်တထောင် ၊ တာမွေ၊ သုဝဏ္ဏ၊ လှိုင်သာယာ၊ ငမိုးရိပ်တဝိုက် စသည့်နေရာများ လမ်းပေါ် ရေ ၁ ပေကနေ ၂ ပေကြား တက်နိုင်ပါတယ် တဲ့။ မိုးရွာရင် ပိုဆိုးပါ့မယ်။

ဒီလ ၁၇၊ ၁၈၊ ၁၉ ရက်နေ့တွေမှာ အယင် လမ်းရေမြုပ်တတ်တဲ့ တာမွေ၊ သုဝဏ္ဏ၊ တောင်/မြောက်ဒဂုံ၊ အရှေ့ဒဂုံ ၊ သံလျှင်၊ ဒလ၊ ကြည့်မြင်တိုင် စတဲ့နေရာတွေက ယာဉ်၊ စက်ပစ္စည်း၊ ခရီးအသွားအလာ သတိရှိစေချင်ပါတယ်။

ရန်ကုန်မြို့ မြေနိမ့်တဲ့နေရာ ကွန်ဒိုမြေအောက် ကားပါကင်မှ ကားများ၊ ရေကြီးရေလျှံ ဖြစ်လေ့ဖြစ်ထရှိသော ရပ်ကွက်များ လမ်းမများတွင် ညသိပ်ရပ်နားနေသော ကားများအနေဖြင့် ကုန်းမြင့်ပိုင်း ရပ်ကွက်များရှိ မိတ်ဆွေ ဆွေမျိုးစသည့် နေရာများတွင် ညသိပ် ရပ်နားသင့်ပါသည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...