လေဖိအားနည်းရပ်ဝန်းကနေ နောက် နှစ်ရက်အတွင်း မုန်တိုင်းငယ်ဖြစ်နိုင်,ရခိုင်နဲ့ချင်းမှာ ဒေသအလိုက် နေရာကွက်ပြီးမိုးကြီးနိုင်

Local News
လေဖိအားနည်းရပ်ဝန်းကနေ နောက် နှစ်ရက်အတွင်း မုန်တိုင်းငယ်ဖြစ်နိုင်,ရခိုင်နဲ့ချင်းမှာ ဒေသအလိုက် နေရာကွက်ပြီးမိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ ဒီနေ့ မနက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိခဲ့ပြီး နောက် ၄၈ နာရီ အတွင်းမှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတာကြောင့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်တို့မှာ နေရာအနှံ့ မိုးရွာနိုင်ပြီး နေရာကွက်မိုးကြီးနိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးသည်းတာနဲ့အတူ လေပြင်းတိုက်တာတွေပါ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ပါတယ်။

မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတမ်းတလျှောက်၊ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တစ်ခါတရံ မိုးသက်လေပြင်းတွေကျပြီး လှိုင်းကြီးနိုင်တယ်လို့လည်း သိရပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းတာ၊ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုသတိထားဖို့ကိုလည်း မိုးဇလက အသိပေးထားပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...