သပြေပင်ရွာ ဘာကြောင့် ပျောက်ကွယ်သွားရတာလဲ? ဘာကြောင့် မြေမြုပ်သွားတာလဲ?

Local News
သပြေပင်ရွာ ဘာကြောင့် ပျောက်ကွယ်သွားရတာလဲ?
ဘာကြောင့် မြေမြုပ်သွားတာလဲ?

သပြေပင်ရွာ ဆိုတာ လွန်ခဲ့တဲ့ ၈ နှစ်ကျော် မိုးထိမိုးမိတောင်တန်းမှာ ဝန်ထမ်းလုပ်ခဲ့စဉ်က အမြဲဖြတ်သွားဖြတ်လာလုပ်ခဲ့ရတဲ့ ကျေးရွာလေးထဲက တစ်ခုပါ။ ဒီကျေးရွာလေးကို ရောက်ရင် တောင်ခြေကို ရောက်ပြီလို့ အလိုအလျောက်သိရပြီး လှမ်းမျှော်ကြည့်တဲ့အခါ စိမ်းစိုမှိုင်းညို့နေတဲ့ တောင်တန်းနဲ့အတူ ရေတံခွန်ကျတာကိုလည်း ရေးရေးလေး မြင်ရပါသေးတယ်။ ကားတွေ ရွာထဲကဖြတ်ရင် ဖုန်းတလုံးလုံးထတတ်လို့ အရှိန်လျော့မောင်းရတယ်။ ညမှောင်ရီပျိုးပြချိန်ဆိုရင် လမ်းမှာ လူမရှိပဲ လူတိုင်းက အိပ်စက်အနားယူဖို့ တံခါးတွေတောင် ပိတ်ထားကြပြီ။

ကိုယ်ကတော့ ခွင့်ပြန်တဲ့အခိုက် ရွာအချို့သာ ဖြတ်ပြီးတောင်ခြေသာ ရောက်လာတယ် ကျေးရွာတွေရဲ့ နာမည်ကို မသိခဲ့ရပဲ ရေဘေးသင့်မှသာ သိခဲ့ရတာပါ။ ကိုယ်သိတာကတော့ တောင်ခြေကနေ အနည်းငယ်ကြာအောင် ဝင်လာရင် တောင်ပေါ်တက်ဖို့ အဆင်သင့်ဖြစ်တဲ့ နေရာလောက်က ငါးတဲစုကျေးရွာလေးပါ။ သိဆို ထမင်းဝင်ဝင်စားတဲ့နေရာမို့ ခရီးလေးလည်း တထောက်နားရင်းပေါ့ လူဦးရေ နည်းနည်းနဲ့ ရွာငယ်လေးတစ်ခုပါ။ ဒီနေ့လို ရေဘေးထဲ ရွံ့နွံထဲ နှစ်မြုပ်ဖို့ အကြောင်းတရားဖန်လာတာကတော့ လွန်ခဲ့တဲ့ ၉ နှစ်က စတင်ခဲ့တဲ့ သစ်ထုတ်လုပ်ရေးကြောင့်လို့ ဆိုရပါမယ်။

မိုးထိမိုးမိရွှေလုပ်ကွက်ကို မှီပြီး လောဘသားတို့ရဲ့ ကြိုက်နှစ်သက်ရာနေရာ အဖြစ် လုပ်ကွက်စဝင်ပြီး ၃ နှစ်အကြာမှာ ငါးတဲစုကျေးရွာ အနီးကနေ သစ်တွေကို အဖွဲ့အစည်းတစ်ခုကနေ ထုတ်လုပ်ခဲ့တာပါပဲ။ အထူးသဖြင့် တောင်ခြေနားက သစ်တောဝိုင်းကနေ သစ်တွေ ထုတ်လုပ်ခဲ့တာပါ။

တခါတလေ ကိုယ်က ခွင့်ပြန်သွားလာသူတစ်ယောက်အနေနဲ့ ၃ လတစ်ခါ ၆ လတစ်ခါမှ တခဏတွေ့ရတဲ့ မြင်ကွင်းမှာတောင် သက်တမ်းရင့် အပင်လုံးပတ်ကောင်းကောင်းတွေကို ကားတွေနဲ့သယ်လာတာ (၁၀) လုံးထက် မနည်း တွေ့မြင်ရပါတယ်။

သူတို့ ဘယ်လောက်ထိ သစ်တောပြုန်းတီးအောင် သစ်ပင်ဘယ်လောက်ခုတ်ပြီးပြီလဲ? သစ်တောပြုန်းတီးတဲ့ ရလာဒ်​ကို သစ်တောထိန်းသိမ်းရေးက မသိချင်ယောင်ဆောင်ခဲ့တာလား ဆိုတာ ၉ နှစ်အကြာ ယနေ့လိုအချိန် ရလာတဲ့ ရလာဒ်ကိုသာ ကြည့်ပါတော့။ သစ်ပင်ဆိုတာ ဖြတ်သန်းလာတဲ့ရေတွေကို အနည်းအကျဉ်းသာ တားစီးနိုင်စွမ်းရှိပေမယ့် ဖြာထွက်အောင်တော့ လုပ်နိုင်စွမ်းရှိတယ် တနေရာထဲ စုပြီး မစီးဆင်းစေပါဘူး။ နောက်တစ်ခုက တောင်ကျချောင်းရေနဲ့အတူ မြေသားပြိုကျမှုကိုတော့ သစ်ပင်တွေက တကယ်ကို တားဆီးနိုင်စွမ်းရှိပါတယ်။

လက်ရှိ မြေမြုပ်သွားတဲ့ ရွာအခြေအနေအရဆို ထိုးဆင်းလာတဲ့ တောင်ကျချောင်းရေနဲ့အတူ ပြိုဆင်းလာတဲ့ မြေသားတွေကို အတားအဆီးလုပ်ပေးနိုင်တဲ့အရာတွေ ကြားခံမရှိတာမို့ တောင်ခြေက ရွာလေးမှာ မြေသားတွေ လာပြုံစုပြီး မြေမြုပ်သလိုဖြစ်နေတာပါ။ ဒါကြောင့် သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲမို့ တဦးတယောက်ချင်းစီက လစ်လျူမရှုသင့်တော့တဲ့ အရာမှန်း ရွာ ၃ ရွာက မြေမြုပ်ခံပြီး သက်သေပြခဲ့ပါပြီ။
တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့နေသူတွေကြားမှာ အ-သ-က်ပျောက်ခဲ့တာ ဒီရွာလေးတွေပေါ့။ နောင်ဘဝ နောင်ဘဝ တွေမှာ ဒီလိုအဖြစ်ဆိုး မကြုံရပါစေနဲ့ ရွာသူရွာသားတို့ရေ..။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...